သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျပ်နဲ့ ရူပီးငွေလဲလှယ်ရေးစနစ် လွယ်ကူပြီလို့ အိန္ဒိယပြော



ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်သုံးစွဲရေး ကနဦးဆွေးနွေးပွဲ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်သုံးစွဲရေး ကနဦးဆွေးနွေးပွဲ (မြန်မာနိုင်ငံတော်ဗဟိုဘဏ်)

မြန်မာပြည်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ပဲမျိုးစုံတင်သွင်းသူတွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် လျှော့ပေါ့မှုတွေလုပ်ပြီး လွယ်ကူအောင်လုပ်ပေးထားတယ်လို့ အိန္ဒိယအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။ Punjab National Bank (ပန်ဂျပ် အမျိုးသားဘဏ်) ကနေ တိုက်ရိုက်ငွေပေးချေနိုင်တဲ့စနစ် လုပ်ပေးဖို့ အိန္ဒိယကုန်သည်တွေက တောင်းဆိုထားချိန်မှာ အိန္ဒိယ စားသုံးသူများရေးရာ ဝန်ကြီးဌာန (Department of Consumer Affairs) က ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်တာ ဖြစ်ပါတယ်။

မြန်မာကျပ်ငွေနဲ့ ရူပီး တိုက်ရိုက်ပေးချေတဲ့စနစ်ကို အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲက စတင်ခဲ့ပြီးနောက် ငွေပေးချေတဲ့နေရာမှာ ပိုလွယ်ကူ ပိုထိရောက်အောင် မြန်မာနိုင်ငံဗဟိုဘဏ် လုပ်ပေးခဲ့ကြောင်း ရန်ကုန်အိန္ဒိယသံရုံးက အကြောင်းကြားတယ်လို့ စားသုံးသူများရေးရာ ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဒီလို ကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်ပေးချေတဲ့စနစ်ကို အသုံးပြုမယ်ဆိုရင် ငွေလဲနှုန်း ရှုပ်ထွေးမှုတွေ၊ ကျပ်ငွေ၊ ရူပီးငွေရအောင် ဒေါ်လာငွေနဲ့ တဆင့်ခံလဲလှယ်နေရတဲ့ အဆင့်တွေ လိုတော့မှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

အိန္ဒိယက နှစ်စဉ်လိုအပ်နေတဲ့ ပဲမျိုးစုံအတွက် မြန်မာပြည်က အများအပြား တင်သွင်းနေတာဖြစ်ပြီး သတ်မှတ်ဈေးနှုန်းနဲ့ ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံးနဲ့ ကြိုတင်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း ဝန်ကြီး Smt. Nidhi Khare ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလို ရူပီးနဲ့ ကျပ်ငွေ တိုက်ရိုက်ငွေပေးချေတဲ့စံနစ်ကို ကုန်းကြောင်း၊ ရေကြောင်း ၂ ခုစလုံးက တင်ပို့ကြတဲ့ ကုန်ပစ္စည်းတွေအားလုံးအတွက် အသုံးပြုနိုင်ငံမှာဖြစ်တယ်လို့ ပြောပါတယ်။

Forum

XS
SM
MD
LG