သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှမှာ အပူလှိုင်းအန္တရာယ် သတိပေးချက်တွေထုတ်ပြန်


မြန်မာနိုင်ငံအပူချိန်ညွှန်းပြ မြေပုံ (Credit: AccuWeather)
မြန်မာနိုင်ငံအပူချိန်ညွှန်းပြ မြေပုံ (Credit: AccuWeather)

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ဒီနေ့မှာ အပူချိန်တွေ အလွန်မြင့်တက်ခဲ့တာကြောင့် အာဏာပိုင်တွေဘက်က ကျန်းမာရေးဆိုင်ရာ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပြီး၊ ဒေသခံတွေဟာလည်း အပူဒဏ်သက်သာစေဖို့အတွက် ပန်းခြံတွေနဲ့ လေအေးပေးစက်တွေ တပ်ထားတဲ့ ဈေးဝယ်စင်တာတွေကို သွားခဲ့ကြပါတယ်။

ဒေသတွင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အပူချိန်ဟာ ၄၅ ဒီဂရီစင်တီဂရိတ်အထိ အလွန်မြင့်တက်ခဲ့တာကြောင့်၊ ကျောင်းတွေထောင်နဲ့ချီ ပိတ်ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာဆိုရင်လည်း အပူချိန်တွေ စံချိန်တင်လောက်အောင် မြင့်တက်နေတာကြောင့်၊ ကျောင်းတွေအားလုံးကို ၂ ရက် ပိတ်ပစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာဆိုရင်လည်း အပူလှိုင်းကြောင့် အခုနှစ်အတွင်း သေဆုံးသူဟာ ၃၀ ထက်မနည်း ရှိသွားပြီဖြစ်ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းကခရိုင်တွေမှာ အပူချိန်က ၄၄ ဒီဂရီစင်တီဂရိတ် ကျော်ခဲ့တာကြောင့် ပြင်းထန်တဲ့အခြေအနေ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ မိုးလေဝသဌာန သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာဆိုရင်လည်း လာမယ့်ရက်ပိုင်းတွေအတွင်း အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ် ကျော်နိုင်တယ်လို့ မိုးလေဝသဆိုင်ရာ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အခုဧပြီလအတွင်း အပူချိန်က သာမန်ထက် ၃ ဒီဂရီ ၄ ဒီဂရီလောက် ပိုမြင့်တက်ခဲ့တယ်လို့ မြန်မာနိုင်ငံ မိုးလေဝသဌာနက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ခဲ့ပြီး၊ ရန်ကုန်မြို့ခံတချို့ကတော့ အပူဒဏ်သက်သာအောင် ပန်းခြံတွေ၊ လေအေးပေးစက်တွေ ရှိရာနေရာတွေကို သွားရောက်တာတွေလည်း ရှိပါတယ်။မန္တလေးမြို့မှာတော့ ဒီနေ့ အပူချိန်ဟာ ၄၃ ဒီဂရီအထိ ရှိနိုင်တယ်လို့ မိုးလေဝသဌာနက ခန့်မှန်းခဲ့ပါတယ်။

Forum

XS
SM
MD
LG