အမေရိကန်လွှတ်တော်မှာ သမ္မတ Joe Biden ကြာသပတေးညက ပြောကြားခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းထဲမှာ ပြည်တွင်းရေးရာကိစ္စတွေကို အသားပေးပြောခဲ့သလို အရေးပါတဲ့ နိုင်ငံတကာကိစ္စတချို့ကိုလည်း ထည့်သွင်းပြောသွားခဲ့ပါတယ်။
အမေရိကန်နဲ့ ထိုင်း အပါအဝင် အာရှနိုင်ငံတွေ အများအပြား ပါဝင်တဲ့ Cobra Gold ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှုကြီး ဒီကနေ့ နောက်ဆုံးနေ့ အဖြစ် ကျည်အစစ်တွေ သုံးပြီး စစ်ရေး လေ့ကျင့်ခဲ့ကြပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ စီးပွားရေး၊ တရားရေးနဲ့ နိုင်ငံခြားရေးရာ ကိုင်တွယ်မှုတွေကို ထိုးနှက် ဝေဖန်ခဲ့သလို၊ သမ္မတ ဘိုင်ဒန်ဟာ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေကို ပြတ်ပြတ်သားသား ကိုင်တွယ်ဖို့ ကြောက်နေတဲ့သူ၊ ကိုယ် ဘာလုပ်ရမယ် ဆိုတာကို မဝေခွဲတတ်တဲ့၊ ပျော့ညံ့တဲ့ ခေါင်းဆောင် တယောက်လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ မြန်မာ့အိမ်နီးချင်း ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ အာရှနိုင်ငံတွေက အမျိုးသမီးတွေ အများအပြား စုဝေး ဆန္ဒပြခဲ့ကြပြီး အမျိုးသမီးတွေအပေါ် ခွဲခြား ဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆိုခဲ့ကြပါတယ်။
နိုင်ငံရဲ့စီးပွားရေး၊သန္ဓေသားဖျက်ချခွင့်၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်၊ ဂါဇာစစ် ကိစ္စရပ်တွေ ပါဝင်မယ်မျှော်လင့်ရပါတယ်။မိန့်ခွန်း ကောက်နုတ်ချက်တချို့ကို တိုက်ရိုက်လွှင့်ထုတ်ချိန်မှာ ဖော်ပြပေးပါမယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကြာသပတေးနေ့ အမေရိကန်ဝါရှင်တန်စံတော်ချိန် ည ၉ နာရီမှာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမှာ ဖြစ်ပြီး လွှတ်တော်မှာ ကျင်းပမယ့် ဒီပွဲအတွက် သမ္မတအိမ်ဖြူတော်နဲ့ လွှတ်တော်အမတ်တွေ ပြင်ဆင်နေကြပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ကြားနေနိုင်ငံ အဖြစ်ရပ်တည်လာခဲ့တဲ့ ဆွီဒင်နိုင်ငံဟာ NATO မဟာမိတ်အဖွဲ့ထဲ ဝင်ရောက်လိုက်ပြီ ဖြစ်ပြီး ကြာသပတေးနေ့မှာတော့ NATO အဖွဲ့ရဲ့ ၃၂ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာပါပြီ။
ရုရှားနိုင်ငံမြောက်ပိုင်း၊ Karelia ဒေသက အုပ်ချုပ်ရေးရုံး အဆောက်အဦကို ယူကရိန်းအတွက် ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ဆိုတဲ့ Belarus နိုင်ငံသားတဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်ကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ သူတို့အဖွဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့က ပြောကြားလိုက်ပြီး ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်အတွင်း ပြန်စမယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်ကသူတွေကို အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်တင်ပြီး INS Kolkata အိန္ဒိယရေတပ်ရဲ့ သင်္ဘောပေါ်ကို ခေါ်တင်နေတဲ့ ရုပ်သံဖိုင်ကိုလည်း အိန္ဒိယရေတပ်က ထုတ်ပြန်ထားပါတယ်။
မတ် ၈ ရက်၊ ၂၀၂၄ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် “အမျိုးသမီးတွေအတွက် ရင်းနှီးမြှုပ်နှံပြီး အရှိန်မြှင့်လုပ်ဆောင်ရေး” ဆောင်ပုဒ်က အမျိုးသမီးအရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်ကြောင်း ကုလအမျိုးသမီး စီးပွားရေး စွမ်းဆောင်နိုင်မှုကဏ္ဍဆိုင်ရာအကြီးအကဲ Jemimah Njuki က ပြောပါတယ်။
ယူကရိန်းသမ္မတဇလန်းစကီး ရုရှားက ပစ်လိုက်တဲ့ ဒုံးကျည်ဘေးကနေ ကပ်ပြီးလွတ်မြောက်သွားပါတယ်။ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆားမြို့မှာ ရောက်ရှိနေတဲ့ သမ္မတဇလန်းစကီးရဲ့ ယာဉ်တန်းနားကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်