လွှတ်တော် စည်းဝေးပွဲကနေ သမ္မတ ရှီကျင့်ဖျင်ရဲ့အာဏာကို ပိုမို ခိုင်မြဲစေမယ့် ဥပဒေသစ်တွေ ပြင်ဆင် ပြဌာန်းခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ့် ပြဌာန်းချက်တွေ အပါအဝင် ဥပဒေသစ်တချို့ကိုလည်း ထုတ်ပြန်သွားဖို့ ကတိပြုခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Los Angeles မြို့မှာ မတ်လ ၁၀ ရက်၊ မနေ့ညက ကျင်းပခဲ့တဲ့ ဟောလိဝုဒ် ရုပ်ရှင် အော်စကာ အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိသွားတဲ့ ဒါရိုက်တာ Mstyslav Chernov က စစ်ပွဲတွေမရှိတော့ဖို့အတွက် အော်စကာဆုနဲ့ လဲလိုက်ချင်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသ ဆိုးဝါးတဲ့ ပဋိပက္ခကြား ဘေးဒုက္ခ အန္တရာယ် ခံစားနေရသူတွေနဲ့အတူ သွေးစည်းညီညွတ်မှုကို ပြပြီး ထောက်ပံ့ကူညီဖို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုသ်လရာသီအစမှာ ကုလသဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က မေတ္တာရပ်ခံသွားပါတယ်။
၉၆ ကြိမ်မြောက် အော်စကာဆုပေးပွဲကို အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်မြို့မှာ မတ်လ ၁၀ ရက် တနင်္ဂနွေနေ့ကကျင်းပခဲ့တာမှာ Oppenheimer ရုပ်ရှင်ကားက အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆု ၇ ခု သိမ်းပိုက်ခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ အမြင့်မြတ်ဆုံးနေရာတွေတည်ရှိရာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ကောင်းကင်ယံမှာ တနင်္ဂနွေနေ့ညက လခြမ်းကိုတွေ့မြင်ခဲ့ရတာကြောင့် ကမ္ဘာတဝန်းက မွတ်ဆလင် ၁.၈ ဘီလီယံထဲက အများအပြားတို့အတွက် ရာမာဒန် ဥပုသ်လစတင်ပါပြီ။
အရေးပေါ်အခြေအနေကြေညာထားတဲ့ ဟေတီနိုင်ငံတွင်း အမေရိကန်သံရုံးဝန်ထမ်းတချို့ကို လေယာဉ်နဲ့ထုတ်ပြီး သံရုံးလုံခြုံရေးအတွက် အမေရိကန်တပ်ဖွဲ့တွေချထားမှုတွေ ဆောင်ရွက်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
"ယူကရိန်းအလံတော်ဟာ အဝါရောင်နဲ့အပြာရောင်ဖြစ်ပြီး ဒီအလံနဲ့ပဲ ရှင်သန်မယ်၊ သေဆုံးမယ်၊ အောင်ပွဲရယူမယ်၊ ယူကရိန်းမှာ တခြားအလံ လွှင့်စရာမရှိဘူး"လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က ပုပ်ရဟန်းမင်းကြီးရဲ့စကားကို လူမှုကွန်ရက်ကတုံ့ပြန်ခဲ့ပြီး "ဘယ်တော့မှ လက်နက်ချမှာမဟုတ်ဘူး" လို့ ကြုံးဝါးလိုက်ပါတယ်။
ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်ကို အင်အားအပြင်းအထန်သုံး ချေမှုန်းနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လုပ်ရပ်ဟာ အစ္စရေးနိုင်ငံအတွက် အထောက်အကူ မဖြစ်စေဘဲ ထိခိုက်နစ်နာမှုတွေသာ ဖြစ်စေကြောင်း သမ္မတ Joe Biden က ဝေဖေန်ပြောကြားလိုက်ပါတယ်။
ရုရှားရဲ့ ကျုးကျော်မှုကြောင့် လူပေါင်းထောင်သောင်းချီ သေဆုံးရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် ယူကရိန်းအနေနဲ့ စေ့စပ်ညှိနှိုင်းရဲတဲ့ သတ္တိရှိဖို့လိုကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးသည်းထန်ရွာသွန်းရာက ရေကြီးမြေပြိုမှုတွေကြောင့် ၁၉ ယောက်ထက်မနည်း သေဆုံးပြီး၊ ၇ ယောက် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂါဇာဒေသမှာ ယာယီဆိပ်ခံတံတားဆောက်မယ့် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်တပ်က သင်္ဘောတစင်း ဒီကနေ့ပဲ မြေထဲပင်လယ်ဒေသကို သွားရောက်နေပါတယ်။
NATO မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဆွီဒင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း NATO ရဲ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ သူ့လို နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ဖင်လန်နဲ့ အတူ နော်ဒစ်ဒေသမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်