ဂါဇာစစ်ပွဲကြောင့် အစ္စရေးဟာ သူ့ရဲ့ အဓိက စစ်ဘက်ဆိုင်ရာ မဟာမိတ်တွေနဲ့ ဆက်ဆံရေး ပိုမိုတင်းမာနေချိန် အမေရိကန်အစိုးရနဲ့ တွေဆုံဆွေးနွေးဖို့ အစ္စရေးကာကွယ်ရေး၀န်ကြီး Yoav Gallant ဒီကနေ့ ထွက်ခွာလာပြီ ဖြစ်ပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်မှုကြမ်းကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့် ခုထိ အတည်မပြုနိုင်သေးပါဘူး။
ဆီးရီးယားနိုင်ငံဟာ အရပ်သားတွေအတွက် ပိုအန္တရာယ်များတဲ့ နေရာ ဖြစ်လာနေပြီး ဆီးရီးယားနိုင်ငံသား ၁၆.၇ သန်းထဲက လူ ၁၀.၈ သန်းအတွက် အသက်ကယ် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ဖို့ ဒေါ်လာ ၄.၀၇ ဘီလီယံ တောင်းခံထားပေမယ့် ရန်ပုံငွေမရှိသလောက်ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ရောက်နေတဲ့ ကုလအတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတာရက်စ်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို ချက်ခြင်းတောင်းဆိုခဲ့ပြီး ဂါဇာတလျှောက် အကူအညီတွေကို “ခြွင်းချက်မရှိ ဝင်ရောက်ခွင့်ပြု” ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပါတယ်။
မော်စကိုမြို့ ဆင်ခြေဖုံးက ကပွဲရုံတခုမှာ လူပေါင်း ၁၃၃ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှု ကျူးလွန်တဲ့ သံသယရှိသူ လေးဦးဟာ ယူကရိန်းနိုင်ငံကို ဦးတည်ထွက်ပြေးဖို့ ယုံကြည်ရပြီး သူတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သမ္မတ ဗလာဒီမီယာပူတင်က စနေနေ့မှာ နိုင်ငံကို ပြောကြားတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ယီမင်နိုင်ငံက ဟူသီအဖွဲ့ဟာ ပင်လယ်နီထဲမှာ နိုင်ငံတကာက သင်္ဘောတွေကို ဆက်လက်တိုက်ခိုက်နေတာကြောင့် သူတို့ အသုံးပြုနေတဲ့ မြေအောက်သိုလှောင်ရုံ ၃ ခုကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ်က သောကြာနေ့မှာ ပြောပါတယ်။
ဟာမတ်အဖွဲ့ကို ချေမှုန်းဖို့ ဂါဇာဒေသရဲ့ လူဦးရေထူထပ်တဲ့ Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်သွားမယ်လို့ အစ္စရေးက ပြောဆိုပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ဂါဇာနဲ့ နယ်စပ် အီဂျစ်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကပွဲရုံထဲမှာ လူပေါင်း ၁၁၀ ထက်မနည်း သေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်သူ ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုစတဲ့ အမှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ် ဒီကနေ့ စတင်အသက်ဝင်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ဟာ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန်နိုင်ငံမှာ (TPS) ယာယီနေထိုင်ခွင့် ကိုနောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီး Alejandro N. Mayorkas က မတ်လ ၂၂ ရက် သောကြာနေ့မှာ ကြေညာပါတယ်။
ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (အရင်အမည် ကက်သရင်း မစ်ဒယ်လတန်)က သူ ကင်ဆာရောဂါ ခံစားနေရပြီး ကနဦးကုသမှု စတင်လုပ်ဆောင်နေကြောင်း သူတို့ မိသားစုနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်