ဖိလစ်ပိုင်နိုင်ငံမှာ အန္တရာယ်ဖြစ်စေလောက်တဲ့အထိ အပူချိန် မြင့်တက်နေတာကြောင့် မြို့တော် မနီလာ အပါအဝင် နိုင်ငံတဝန်းက ရာနဲ့ချီတဲ့ စာသင်ကျောင်းတွေကို ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ လူကိုယ်တိုင်တက်ရောက် သင်ကြားမယ့်အစီအစဉ်တွေ ဖျက်သိမ်းလိုက်ကြောင်း ပညာရေး အရာရှိတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ခြမ်း အာချေး ကမ်းလွန်ပင်လယ်ပြင်မှာ နှစ်မြုပ်သွားတဲ့ စက်လှေပေါ်ပါလာသူ ဒါဇင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ခိုးသွင်းမှုနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှာ ပြောပါတယ်။
ဂါဇာဒေသမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝန်ထမ်း ၇ ဦးသေဆုံးခဲ့ကြောင်း World Central Kitchen (WCK) အကူအညီပေးရေးအဖွဲ့က ပြောဆိုလိုက်ပြီး လုပ်ငန်းတွေကိုလည်း ချက်ချင်း ရပ်ဆိုင်းလိုက်ပါတယ်။
ဖင်လန်နိုင်ငံ တောင်ပိုင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်ခဲ့တဲ့အတွက် အခြားကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ပြောပါတယ်။ Helsinki ရဲ့ ဆင်ခြေဖုံးရပ်ကွက် Vantaa ရှိ ကျောင်းသား ၈၀၀ ခန့်တက်ရောက်နေတဲ့ အလယ်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံမြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး ပျက်ဆီးသွားတဲ့ကိစ္စ ဆွေးနွေးဖို့လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ အီရန်က တောင်းဆိုလိုက်ပါတယ်။
ဂါဇာဒေသတောင်ပိုင်းမှာ ဟာမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတာဝန်ရှိသူတွေ တနင်္လာနေ့မှာ အွန်လိုင်းကနေဆွေးနွေးခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ရှီဖာဆေးရုံကို သီတင်း နှစ်ပတ်ကြာ ၀င်ရောက်စီးနင်းပြီးတဲ့နောက် သူတို့ တပ်တွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေး စစ်တပ်က ဒီကနေ့ ကြေညာပါတယ်။ ဟာမတ်စ်ဘက်ကတော့ ရှီဖာဆေးရုံ ကို အစ္စရေးတို့က အကြမ်းဖက် စစ်ဆင်ရေး လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ရုရှားဘက်က ညတွင်းချင်းတိုက်ခိုက်လာတဲ့ မောင်းသူမဲ့ ဒရုန်း ၃ စင်းထဲက နှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မြို့တော်၀န်နဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ဒေသန္တရ ရွေးကောက်ပွဲတွေမှာ လူတွေ သန်းနဲ့ချီ မဲပေးခဲ့ကြပါတယ်။ လက်ရှိမဲရလာဒ်တွေမှာ တူရကီအစိုးရရဲ့ အတိုက်အခံ အဓိကပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP)က အဓိကမြို့ကြီးတွေကို ဆက်ထိန်းချုပ်ထားပါတယ်။
ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံကနေ သန့်စင်ပြီးသားရေဒီယိုသတ္တိကြွရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်လိုက်တဲ့ပေါ် တရုတ်အစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကို တရုတ်ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြီးရှင်းလင်းတင်ပြခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံရပြီး ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဒီနေ့ ဆက်ပြီးဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်နိုင်ငံရဲ့ Al Qahera သတင်းဌာနက မနေ့က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်