လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ ပဋိပက္ခတွေအကြား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က မနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ သတ်မှတ်ထားတဲ့ ဒီနေ့ Good Friday ထူးမြတ်တဲ့သောကြာနေ့မှာ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအခမ်းအနားတွေကို ဆင်နွှဲနေကြပါတယ်။
"ကမ္ဘာကြီးမှာ အပြန်အလှန်ဆက်သွယ်မှု လိုနေတာပါ။ အဆက်ဖြတ်ကြဖို့ မဟုတ်ပါဘူး" လို့ နောက်ဖြစ်လာမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီးလို့ယူဆကြတဲ့ အကြီးတန်းသံတမန် လျူကျင်းချောင် (Liu Jianchao) က ၄ ရက်ကြာ စင်္ကာပူခရီးမှာ ပြောလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်ကတိုက်ခိုက်တာဟာ အန္တရာယ်ကြီးမားလှတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ကဆိုလိုက်ပြီး ပြန်လည် တုံ့ပြန်မယ်လို့လည်း ကြာသပတေးနေ့က ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ အနောက်ဘက်ဆုံးကမ်းခြေကို ရောက်လာခိုလှုံနေကြတဲ့ရိုဟင်ဂျာတွေကို သူတို့ ယာယီခိုနားရာနေရာကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအကူပေးရေးဥပဒေကြမ်းကို အောက်လွှတ်တော်မှာမဲခွဲဖို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ပြောခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီက ပြောပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတို့ကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ၅ လ ကျော် အတွင်း သေဆုံးသူ ၃ သောင်း ၂ ထောင်ကျော်သွားပြီလို့ ဂါဇာဒေသထဲက ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားပါတယ်။
အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်ကြီးဟာ ကမ္ဘာတဝန်းကို ပျံ့နှံ့နေပြီး နှစ်စဉ်ဝင်ငွေ ၃ Trillion လောက် ရရှိနေတယ်လို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
သန့်ရှင်းစွမ်းအင်လုပ်ငန်းတွေအတွက် တရုတ်အစိုးရကပေးနေတဲ့ အမတော်ကြေး အထောက်အပံ့တွေဟာ ၊ အမေရိကန်ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေအပြင် ကမ္ဘာတဝန်းက ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကိုပါ ထိခိုက်စေတဲ့ မမျှတတဲ့ပြိုင်ဆိုင်မှုတွေကို ဖန်တီးပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။
LGBTQ+ လိင်တမူကွဲ၊ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်မှာ အတည်ပြုလိုက်တာမို့ အရှေ့တောင်အာရှမှာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေး တန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာဖို့ လမ်းပွင့်သွားပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ ၆၃,၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ပျောက်သွားသူအများဆုံး အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယ-လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM အဖွဲ့ကြီးရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင်း Aceh Jaya ရေပြင်မှာ မော်တော်တစင်း တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်လို့ယူဆရသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဘန်ဒါအာချေးဒေသ ကယ်ဆယ်ရေးအာဏာပိုင်တို့ တွေ့ရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်