မြန်မာနိုင်ငံအပေါ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ မူဝါဒကို အသစ်ပြင်ဆင်ချမှတ်ဖို့ ထိုင်းလွှတ်တော်အမတ်တွေက လိုလားနေကြတယ်လို့ ဒီကနေ့ ထိုင်းလွှတ်တော်မှာ ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့သူတချို့က VOA မြန်မာပိုင်းကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို တိုက်ဖျက်နှိမ်နှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ အဓိက သော့ချက်ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်နဲ့ ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့နယ်ထဲမှာ ထိုင်းမြောက်ပိုင်းကသယ်ဆောင်လာတဲ့စိတ်ကြွဆေးပြား ၁၈သန်းလောက်ဒီရက်ထဲဖမ်းမိခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာတာက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသမ်း ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ရာ အထောက်အကူပြုတယ်လို့ တောင်ကိုရီးယားသမ္မတ Yoon Suk Yeol က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ယူကရိန်းကို နယ်သာလန်က ဒီနှစ်ထဲ စစ်ရေးအကူအညီ ၂.၂ ဘီလီယံပေးမယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို သောကြာနေ့မှာ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြေညာပါတယ်။
ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာတာက မြောက်ကိုရီးယားရဲ့ လက်နက်စမ်းသမ်း ခြိမ်းခြောက်မှုတွေကို တန်ပြန်နိုင်ဖို့ရာ အထောက်အကူပြုတယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုးလ် (Yoon Suk Yeol) က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
ယူကရိန်းကို နယ်သာလန်က ဒီနှစ်ထဲ စစ်ရေးအကူအညီ ၂.၂ ဘီလီယံပေးမယ့် သဘောတူညီချက်တရပ်ကို သောကြာနေ့မှာ နယ်သာလန်ဝန်ကြီးချုပ် Mark Rutte နဲ့ လက်မှတ်ရေးထိုးခဲ့တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ကြေညာပါတယ်။ ယူကရိန်းရဲ့ ဒုတိယ အကြီးဆုံးမြို့ Kharkiv မှာ ခေါင်းဆောင် ၂ ဦး ဆွေးနွေးပြီးနောက် ကြေညာခဲ့တာပါ။
ဂျပန်အစိုးရက ရက်ရက်ရောရော ကူညီပံ့ပိုးပေးတဲ့ ဒေါ်လာ ၂.၇ သန်းကို Cox’s Bazar ခရိုင်နဲ့ Bhasan Char ကျွန်းတို့မှာ ရှိနေကြတဲ့ အမျိုးသမီး၊ ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အို ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီ ထောက်ပံ့ပေးမှုတွေ တိုးချဲ့ဆောင်ရွက်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးငယ်များ ရံပုံငွေအဖွဲ့က ပြောပါတယ်။
မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စတဲ့ ဆန်တင်ပို့တဲ့ နိုင်ငံတွေကို ချဉ်းကပ်ပြီး ဆန်တန်ချိန် ၁ သန်း၊ ၂သိန်း မှာယူဖို့ ကတိကဝတ် ရယူထားတဲ့အကြောင်း Bulog ကုမ္ပဏီ အကြီးအကဲ Bayu Krisnamurthi က ပြောတာပါ။
မြန်မာ၊ ဆူဒန်၊ ယူကရိန်း စတဲ့နိုင်ငံတွေမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာ့လူဦးရေထက်ဝက်လောက် မဲဆန္ဒတွေပေးကြမယ့် ရွေးကောက်ပွဲတွေဟာ ကမ္ဘာ့လွတ်လပ်မှုကို အဆုံးအဖြတ်ပေးဖို့ အရေးပါတယ်လို့ Freedom House ရဲ့ ကမ္ဘာ့လွတ်လပ်မှုဆိုင်ရာ ၂၀၂၄ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ပွဲတွေဖြစ်နေတဲ့ ဂါဇာမှာ စားနပ်ရိက္ခာ အကူအညီတွေကို လူတွေတိုးဝှေ့ လာယူကြတဲ့အချိန် ပါလက်စတိုင်း အရပ်သားတွေကို အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့တဲ့အပေါ် နိုင်ငံတကာက ဝိုင်းဝန်း ရှုတ်ချနေပါတယ်။ ဒီပစ်ခတ်မှုအတွင်း လူ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဌာနက ပြောပါတယ်။
အသုဘအခမ်းအနားကျင်ပတဲ့ ဘုရားရှိခိုးကျောင်းအပြင်မှာရော သူ့ရဲ့ရုပ်အလောင်းကို မြှုပ်နှံတဲ့ သင်္ချိုင်းအပြင်မှာပါ လုံခြုံရေးတွေ အထူအထပ်ချထားတဲ့ကြားက သူ့ရဲ့နောက်ဆုံးခရီးကို လာရောက်နှုတ်ဆက်သူ ထောင်နဲ့ချီရှိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်