ဟာမတ်အဖွဲ့ကို ချေမှုန်းဖို့ ဂါဇာဒေသရဲ့ လူဦးရေထူထပ်တဲ့ Rafah မြို့ကို မြေပြင်ထိုးစစ်ဆင်မှုတွေ လုပ်သွားမယ်လို့ အစ္စရေးက ပြောဆိုပြီး မကြာခင်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဟာ ဂါဇာနဲ့ နယ်စပ် အီဂျစ်နိုင်ငံကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့တော်က ကပွဲရုံထဲမှာ လူပေါင်း ၁၁၀ ထက်မနည်း သေဆုံးခဲ့တဲ့ ပစ်ခတ်မှုမှာ ကိုယ်တိုင်ပါဝင်သူ ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သမ္မတ Vladimir Putin က ပြောကြားလိုက်ပါတယ်။
ဟောင်ကောင်မှာ နိုင်ငံတော်သစ္စာဖောက်မှု၊ ပုန်ကန်မှုစတဲ့ အမှုတွေအတွက် ထောင်ဒဏ်တသက် ချမှတ်နိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေသစ် ဒီကနေ့ စတင်အသက်ဝင်ပါတယ်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S. Jaishankar ဟာ သောကြာနေ့က မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန် အလောင်ကီအို ကစ်တီဟွန်း (Alounkeo Kittikhoun)နဲ့ နယူးဒေလီမြို့မှာ တွေ့ဆုံကာ မြန်မာ့နိုင်ငံရဲ့ အခြေနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေ အတွက် အမေရိကန်နိုင်ငံမှာ (TPS) ယာယီနေထိုင်ခွင့် ကိုနောက်ထပ် တနှစ် သက်တမ်း ထပ်တိုးလိုက်တယ်လို့ အမိမြေလုံခြုံရေး ဝန်ကြီး Alejandro N. Mayorkas က မတ်လ ၂၂ ရက် သောကြာနေ့မှာ ကြေညာပါတယ်။
ဗြိတိန်တော်ဝင် အိမ်ရှေ့စံ ဝေလမင်းသား ဝီလျံရဲ့ ကြင်ယာတော် ဝေလမင်းသမီး ကက်သရင်း (အရင်အမည် ကက်သရင်း မစ်ဒယ်လတန်)က သူ ကင်ဆာရောဂါ ခံစားနေရပြီး ကနဦးကုသမှု စတင်လုပ်ဆောင်နေကြောင်း သူတို့ မိသားစုနေထိုင်တဲ့ ကန်ဆင်တန်နန်းတော်က သောကြာနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ပြောပါတယ်။
မော်စကို အနောက်ပိုင်း Crocus မြို့တော်ခန်းမမှာရှိတဲ့ ကပွဲရုံထဲက လူအုပ်ကို သောကြာနေ့မှာ သေနတ်သမားတွေ ဝင်ရောက်ပစ်ခတ်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း အိုင်အက်စ် စစ်သွေးကြွအဖွဲ့က လူမှုကွန်ယက်မှာ ကြေညာပါတယ်။
မော်စကိုမြို့ပြင်က Krasnogorsk ကရာနိုဂေါ့စ်မြို့မှာ ခရစ်ယာန် အများအပြား စုဝေးနေချိန်မှာ သူတို့အဖွဲ့က ဝင်ရောက် တိုက်ခိုက်တဲ့အတွက် သေဆုံး ဒဏ်ရာရသူ ရာနဲ့ချီ ရှိနေတယ်လို့ IS အဖွဲ့က သူတို့ရဲ့ Aamaq အာမက်သတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီကြေညာချက်ဟာ အိုင်အက်စ်အဖွဲ့က ဟုတ်မဟုတ် အတည်မပြုနိုင်သေးပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကစ်တီဟွန်းနဲ့ Jaishankar တို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေနေတွေနဲ့ သူ့အိမ်နီးချင်း နိုင်ငံတွေအပေါ် ရိုက်ခတ်မှုတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပြီး ဒီဆွေးနွေးမှုဟာ ပွင့်လင်းပြီး အသုံးဝင်ကြောင်းအိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက လူမှုမီဒီယာ X မှာ ရေးပါတယ်။
အမေရိကန်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံမှာ အနေနဲ့ အမေရိကန်မှာ ယာယီ အကာအကွယ်ပေး နေထိုင်ခွင့်အဆင့် (TPS) အတွက် လျှောက်ထားဖို့ ၂၀၂၁ ခုနှစ်ကစတင် ခွင့်ပြုခဲ့တာ ဖြစ်ပြီး ခုချိန်အထိ အန္တရာယ်ကြီးနေသေးတာကြောင့် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန် တင်သွင်းတဲ့ အဆိုပြုချက်မှုကြမ်းကို သောကြာနေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာကြောင့် ခုထိ အတည်မပြုနိုင်သေးပါဘူး။ အမေရိကန်အဆိုပြုချက်ကို ရုရှားနဲ့ တရုတ်တို့က မဲ မပေးချင်တာဟာ အမေရိကန်ကို အရေးနိမ့်စေချင်တာလို့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်