ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံရပြီး ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဒီနေ့ ဆက်ပြီးဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်နိုင်ငံရဲ့ Al Qahera သတင်းဌာနက မနေ့က ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တယ်လို့ DKBA တာ၀န်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ကျန်းမာရေးအရ စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ် သာသနာရဲ့ အချိန် အကြာဆုံး ဝတ်ပြုဆုတောင်းပွဲ တခုဖြစ်တဲ့ စနေနေ့ ညပိုင်း အီစတာ ဝတ်ပြုပွဲကို နှစ်နာရီကျော်ကြာ တက်ရောက် ကြီးမှူး ဆုတောင်းပေးခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ၆ လထဲဝင်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားတဲ့ အနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြန်လည် ကျင်းပမှာ ဖြစ်ကြောင်း အီဂျစ်က အယ်လ်ကဟီရာ ရုပ်သံသတင်းက စနေနေ့မှာ ကြေညာပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးဟာ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။
အစ္စရေးကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဗုံးတွေနဲ့ တိုက်လေယာဉ်တွေ ပေးပို့ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အမေရိကန်က ခွင့်ပြုလိုက်တယ်လို့ ဒီကိစ္စနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက ဝါရှင်တန်ပို့စ် သတင်းစာကို အတည်ပြုထားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
မြန်မာ့အရေးမှာ ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားခံလူ (Middle Man) အဖြစ် အလွတ်သဘော ဆောင်ရွက်ပေးဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့ အကူအညီပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin)က ပြင်သစ် FRANCE 24 ရုပ်သံနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။
မြန်မာ့အရေး ပဋိပက္ခဖြစ်နေတဲ့ အစုအဖွဲ့တွေကြား ကြားလူအဖြစ် အလွတ်သဘော ဆောင်ရွက်ဖို့ အမေရိကန်နဲ့ တရုတ်က တောင်းဆိုလို့ အကူအညီပေးနေတာလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင်က FRANCE 24 ရုပ်သံနဲ့မေးမြန်းခန်းမှာ ပြောလိုက်ပါတယ်။ မြန်မာပဋိပက္ခဟာ “ပြည်တွင်းစစ်လုံးလုံး ဖြစ်နေတာ မဟုတ်သေးဘူး” လို့သုံးသပ်သွားပါတယ်။
အစ္စရေးကို ဒေါ်လာဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ဗုံးတွေနဲ့ တိုက်လေယာဉ်တွေ ပေးပို့ဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အမေရိကန်က ခွင့်ပြုလိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကို အတည်ပြုထားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာဖော်ပြပါတယ်။ ပါလက်စတိုင်းတွေ ခိုလှုံနေတဲ့ ရာဖာကို အစ္စရေးက ထိုးစစ်ဆင်မှာကို ကန်က စိုးရိမ်နေ။
နောက်ထပ်ကြည့်ရှုရန်