အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂါဇာစစ်ပွဲအရေးနဲ့ပတ်သက်လို့ အာရပ်နိုင်ငံတာဝန်ရှိသူတွေနဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ ဒီနေ့ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အနောက်အာချေး (West Aceh) ကမ်းလွန် ရေမိုင် ၁၆ မိုင်အကွာလောက်မှာ မှောက်နေတဲ့ စက်လှေဝမ်းဗိုက်ပေါ် တွယ်ကပ်ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာ ၇၀ နီးပါးကို အင်ဒိုနီးရှားက ဒီနေ့ ကယ်ဆယ်ခဲ့ပါတယ်။
ဗီယက်နမ် လက်ရှိသမ္မတ Vo Van Thuong ရာထူးက နုတ်ထွက်ကြောင်း အာဏာရကွန်မြူနစ်ပါတီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့ပါတယ်။ Vo Van Thuong ဟာ သူကိုယ်တိုင်နဲ့ ပါတီရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့ စည်းမျဉ်းတွေကိုချိုးဖောက်ရာရောက်တဲ့ “ချို့ယွင်းချက်” တွေကိုကျူးလွန်ခဲ့တယ်လို့ ကွန်မြူနစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အရင် အာဏာရှင်ခေတ် အထူးတပ်ဖွဲ့ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီရန်တို (Prabowo Subianto) ကို အရင်လကကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသူအဖြစ် ဗုဒ္ဓဟူးနေ့က အတည်ပြုလိုက်ပါတယ်။ ဒါပေမဲ့ ဒီရလဒ်အပေါ် အဓိကပြိုင်ဘက်နှစ်ဦးက ပြန်လည် စိစစ်ပေးဖို့ တရားရုံးမှာတောင်းဆိုဖို့ရှိနေပါတယ်။
ဂါဇာကမ်းမြှောင်ဒေသကို ရိက္ခာအကူအညီသစ်တွေ ပေးပို့မယ်လို့ ဗြိတိန်က ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။ ဂါဇာမှာ လူသားချင်းစာနာမှုအကူအညီနဲ့ အပစ်အခတ်ရပ်စဲရေးအသစ်ကို တိုးမြှင့်ဖို့အတွက် အမေရိကန်က တာဝန်ရှိသူတွေနဲ့ အစ္စရေးဘက်က အရာရှိတွေ ရှေ့လာမယ့် သီတင်းပတ်ထဲမှာ ဆွေးနွေးမှု မတိုင်ခင်မှာပဲ ဗြိတိန်က ခုလိုကြေညာလိုက်တာပါ။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်အနီး ပင်လယ်မှာ ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ သစ်သားလှေတစ်စင်း တိမ်းမှောက်ခဲ့တဲ့အတွက် အင်ဒိုနီးရှားငါးဖမ်းသမားတွေက ကယ်တယ်ခဲ့တယ်လို့ ဒေသတွင်း ငါးဖမ်းလုပ်ငန်း တာ၀န်ရှိသူတဦးက ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း ၊ ရုရှားကနေ ရှောင်တိမ်း စွန့်ခွာလာကြတဲ့ မိသားစုတွေဟာ တောင်အမေရိကတိုက် နိုင်ငံတချို့မှာ လာရောက် အခြေချနေထိုင်တာတွေ ပိုများ လာနေပါတယ်။ ရိုက်တာသတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရုရှားရဲ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်ရာကရရှိလာတဲ့ဝင်ငွေ ခန့်မှန်း ယူရို ၃ ဘီလီယံကို ယူကရိန်း အတွက် လက်နက်အကူအညီပေးရာမှာသုံးဖို့ အဆိုပြုမယ်လို့ ဥရောပကော်မရှင် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲက အင်္ဂါနေ့မှာ ပြောပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တဲ့စစ်ပွဲ ၂ နှစ်ကျော် ကာလအတွင်း ၊ ရုရှားကနေ ရှောင်တိမ်း စွန့်ခွာလာကြတဲ့ မိသားစုတွေဟာ တောင်အမေရိကတိုက် နိုင်ငံတချို့မှာ လာရောက် အခြေချနေထိုင်တာတွေ ပိုများ လာနေပါတယ်။ နိုင်ငံရေးကြောင့် ရုရှားကထွက်လာခဲ့သူတွေဟာ သူတို့ ရောက်နေတဲ့ နိုင်ငံတွေမှာပဲ အခြေချလိုက်ကြဖို့က များပါတယ်။
ရုရှားကျူးကျော်စစ်ကိုတိုက်ခိုက်ဖို့ လိုအပ်တဲ့အရင်းအမြစ်တွေ ယူကရိန်းကိုပေးဖို့ အမေရိကန်က ဆုံးဖြတ်ထားဆဲဖြစ်တယ်လို့ ဂျာမနီနိုင်ငံ ရမ်းစတိန်း လေတပ်စခန်းမှာ ဥရောပနဲ့ ကမ္ဘာ့ တခြားတိုင်းပြည်တွေက ကာကွယ်ရေးဝန်ကြီး ၅၀ ကျော်ရဲ့အစည်းအဝေးမှာ မစ္စတာ လွိုက် အော်စတင်က ခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဆော်ဒီအာရေဗီးယားနဲ့ အီဂျစ်နိုင်ငံတွေကို ဒီသီတင်းပတ် သွားရောက်ဖို့ရှိပြီး ဂါဇာ ကမ်းမြှောင်မှာ အပစ်အခတ်ရပ်စဲရေး ပေါ်လာအောင် တွန်းအားပေး ဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။
ယူကရိန်းနိုင်ငံအနေနဲ့ သူ့နိုင်ငံအတွက် ကာကွယ်ရေးဆိုင်ရာပစ္စည်းတွေကို အတတ်နိုင်ဆုံး အများဆုံးထုတ်လုပ်သွားမယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောကြားလိုက်ပါတယ်။ ယူကရိန်းကို စစ်ရေးဆိုင်ရာ အကူအညီပေးရေး အမေရိကန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှု မပြုလုပ်ခင်မှာ ပြောလိုက်တာပါ။
နောက်ထပ်ကြည့်ရှုရန်