အမေရိကန်ပြည်ထောင်စု Michigan ပြည်နယ်မှာ မနေ့ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ကျင်းပတဲ့ ပါတီတွင်း သမ္မတလောင်း ရွေးပွဲတွေမှာ ဒီမိုကရက်ပါတီက သမ္မတ Joe Biden အနိုင်ရပြီး ရီပတ်ဘလစ်ကန် ပါတီက သမ္မတဟောင်း Donald Trump အနိုင်ရသွားပါတယ်။
လက်ဘနွန်တောင်ပိုင်းမှာရှိတဲ့ ဟစ်ဇ်ဘိုလာ လက်နက်ပစ္စည်း သိုလှောင်ထားတဲ့နေရာကို ပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို၊ လက်ဘနွန်ကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်အများအပြားကိုလည်း ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့ အစ္စရေးက ဒီနေ့ပဲပြောပါတယ်။
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုမှာ ပါ၀င်နေတယ်လို့ သံသယရှိသူ စုစုပေါင်း ၂၆၈ ဦးကို လာအိုက တရုတ်နိုင်ငံကို ပြန်ပို့ခဲ့ကြောင်း တရုတ် လုံခြုံရေးဝန်ကြီးဌာနက ဒီကနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေရဲ့ အဝေးထိန်းဒရုန်း ၅ ခုကို မနေ့နှောင်းပိုင်းမှာ အမေရိကန်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပင်လယ်နီဒေသမှာ ကြားဖြတ်ပစ်ချခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောလိုက်ပါတယ်။ ဟူသီသူပုန်တွေ ထိန်းချုပ်ရာ ယီမင်နိုင်ငံကနေ ပစ်လွှတ်လိုက်တာလို့လည်း အမေရိကန်စစ်တပ်က ပြောပါတယ်။
အမေရိကန်နဲ့ ထိုင်းနိုင်ငံတို့ ဦးစီးပြီး အရှေ့တောင်အာရှရဲ့ နိုင်ငံစုံပါဝင်တဲ့ အရှည်ကြာဆုံး စစ်ရေးလေ့ကျင့်မှု "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို မနေ့က တရားဝင်စတင် ဖွင့်လှစ်ပါတယ်။
ကမ္ဘောဒီးယား အထက်လွှတ်တော် ရွေးကောက်ပွဲမှာ အာဏာရ CPP ပါတီက နေရာအများစုကို အနိုင်ရလိုက်တဲ့အတွက် ဝန်ကြီးချုပ်ဟောင်းလုပ်ခဲ့သူ လက်ရှိ CPP ပါတီဥက္ကဌ ဟွန်ဆန်ဟာ အထက်လွှတ်တော် ဥက္ကဌ ဖြစ်လာဖို့ ရှိနေပါတယ်။ ကမ္ဘောဒီးယားရဲ့ နိုင်ငံရေး ရှေ့မျက်နှာစာကို ဟွန်ဆန် ပြန်ရောက်လာမှာပါလား။
ရုရှားကဖမ်းထားတဲ့ ယူကရိန်းစစ်သုံ့ပန်းတွေပြန်လွှတ်ပေးရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်အတွက် တွန်းအားပေးဖို့ ယူကရိန်းသမ္မတ ဗလိုဒီမာဇာလင်းစကီးဟာ အင်္ဂါနေ့က ဆော်ဒီအာရေးဗီးယားနိုင်ငံကိုသွားခဲ့ပါတယ်။
ရီပတ်ဗလစ်ကန် ပါတီတွင်း သမ္မလောင်း ရွေးပွဲတွေဟာ သမ္မတဟောင်း Donald Trump နဲ့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Nikki Haley တို့ နှစ်ယောက်တည်း ဆက်ပြိုင်နေဆဲဖြစ်ပြီး ဘယ်လောက်ကြာကြာ ၂ ယောက် ဆက်ပြိုင်မလဲဆိုတာကိုတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
နိုင်ငံအများအပြားက ကိုယ်စားလှယ်တွေ ညှိနှိုင်းဆောင်ရွက်နေတဲ့ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အစီအစဉ်သစ်ကို ရှေ့သီတင်းပတ်အစောပိုင်းမှာ စနိုင်ဖို့မျှော်လင့်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။
နယ်မြေပိုင်နက်အငြင်းပွါးနေကြတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်းက Scarborough Shoal ကျွန်းကို သူပိုင်နယ်မြေဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ထပ်လောင်းပြောဆိုပါတယ်။
မြောက်အတ္တလန္တိတ်စစ် စာချုပ် NATO အဖွဲ့ဝင်ဖြစ်ရေး ဆွီဒင်နိုင်ငံရဲ့လျှောက်ထားချက်ကို ဟန်ဂေရီအစိုးရက လတွေနဲ့ချီ ကန့်ကွက်နေတာကို ဟန်ဂေရီလွှတ်တော်က တနင်္လာနေ့မှာလွှတ်တော်အမတ်တွေက ထောက်ခံမဲ ၁၈၈ မဲ၊ ကန့်ကွက်မဲ ၆ မဲနဲ့မဲခွဲထောက်ခံလိုက်ကြပါတယ်။
အစ္စရေးစစ်တပ်ကနေ ဂါဇာကမ်းမြှောင်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားတွေကို ရွှေ့ပြောင်းပေးမည့် အစီအစဉ်နဲ့ နောက်ထပ်လုပ်မည့် စစ်ဆင်ရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ပဲ တင်ပြထားကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်