ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်း ရှီဖာဆေးရုံကို သီတင်း နှစ်ပတ်ကြာ ၀င်ရောက်စီးနင်းပြီးတဲ့နောက် သူတို့ တပ်တွေ ပြန်ရုပ်သိမ်းလိုက်ပြီလို့ အစ္စရေး စစ်တပ်က ဒီကနေ့ ကြေညာပါတယ်။ ဟာမတ်စ်ဘက်ကတော့ ရှီဖာဆေးရုံ ကို အစ္စရေးတို့က အကြမ်းဖက် စစ်ဆင်ရေး လုပ်ဆောင်နေတယ်ဆိုပြီး စွပ်စွဲထားပါတယ်။
ရုရှားဘက်က ညတွင်းချင်းတိုက်ခိုက်လာတဲ့ မောင်းသူမဲ့ ဒရုန်း ၃ စင်းထဲက နှစ်စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ရဲ့ ဒီကနေ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
တူရကီနိုင်ငံမှာ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ မြို့တော်၀န်နဲ့ အုပ်ချုပ်ရေးမှူးတွေအတွက် ဒေသန္တရ ရွေးကောက်ပွဲတွေမှာ လူတွေ သန်းနဲ့ချီ မဲပေးခဲ့ကြပါတယ်။ လက်ရှိမဲရလာဒ်တွေမှာ တူရကီအစိုးရရဲ့ အတိုက်အခံ အဓိကပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပြည်သူ့ပါတီ (CHP)က အဓိကမြို့ကြီးတွေကို ဆက်ထိန်းချုပ်ထားပါတယ်။
ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ဖူကူရှီးမားဒိုင်အိချိ နျူကလီးယား ဓာတ်အားပေးစက်ရုံကနေ သန့်စင်ပြီးသားရေဒီယိုသတ္တိကြွရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်လိုက်တဲ့ပေါ် တရုတ်အစိုးရရဲ့စိုးရိမ်ပူပန်မှုတွေကို တရုတ်ကျွမ်းကျင်သူတွေနဲ့ တွေ့ဆုံပြီးရှင်းလင်းတင်ပြခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ အလုပ်ဝင်ဖို့ သွေးဆောင်ခံရပြီး ဆိုက်ဘာအွန်လိုင်းလိမ်လည်မှုမှာ အတင်းအကြပ် စေခိုင်းခံနေရတဲ့ အိန္ဒိယနိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်အဖွဲ့ကြား ယာယီအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဒီနေ့ ဆက်ပြီးဆွေးနွေးသွားမှာ ဖြစ်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေကို ကိုးကားပြီး အီဂျစ်နိုင်ငံရဲ့ Al Qahera သတင်းဌာနက မနေ့က ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တယ်လို့ DKBA တာ၀န်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။
ကျန်းမာရေးအရ စိုးရိမ်မှုတွေ ရှိနေတဲ့ ကြားမှာပဲ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ကက်သလစ် သာသနာရဲ့ အချိန် အကြာဆုံး ဝတ်ပြုဆုတောင်းပွဲ တခုဖြစ်တဲ့ စနေနေ့ ညပိုင်း အီစတာ ဝတ်ပြုပွဲကို နှစ်နာရီကျော်ကြာ တက်ရောက် ကြီးမှူး ဆုတောင်းပေးခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ၆ လထဲဝင်လာချိန်မှာ အပစ်အခတ်ရပ်စဲဖို့ ကြိုးစားတဲ့ အနေနဲ့ အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တနင်္ဂနွေနေ့မှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပြန်လည် ကျင်းပမှာ ဖြစ်ကြောင်း အီဂျစ်က အယ်လ်ကဟီရာ ရုပ်သံသတင်းက စနေနေ့မှာ ကြေညာပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေကြောင့် မြန်မာစစ်ကောင်စီ တပ်သား (၃) ဦးဟာ မတ်လ ၃၀ ရက် (စနေနေ့) နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းတွေမှာ ဒေသခံအာဏာပိုင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်