ရုရှားနိုင်ငံမှာ သမ္မတ Vladimir Putin နောက်ထပ် ၆ နှစ် အာဏာရမယ့် သမ္မတရွေးကောက်ပွဲ နောက်ဆုံးနေ့ ဒီကနေ့ မှာ ယူကရိန်းဘက်က ပစ်လွှတ်တဲ့ အစုလိုက်အပြုံလိုက် ဒရုန်းအမြောက်အများနဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရပါတယ်။
အေဒင်ပင်လယ်ကွေ့က သင်္ဘောတစီးအနီး ဒီကနေ့ အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ယီမင်နိုင်ငံအခြေစိုက် ဟူသီသူပုန်တွေ လက်ချက်လို့ ယူဆရနေကြပါတယ်။ ပင်လယ်နီဒေသနဲ့ ဆက်နေတဲ့ ကုန်သွယ်ရေးမှာအရေးပါတဲ့ ရေလမ်းကြောင်းမှာ ဒါဟာ နောက်ဆုံးတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံတောင်ပိုင်း Helmand ပြည်နယ်မှာ ဒီကနေ့ ဘတ်စ်ကား၊ ဆီတင်ကားနဲ့ မော်တော်ဆိုင်ကယ်တစင်း တိုက်မိရာက ၂၁ ယောက် သေဆုံးပြီး၊ ၃၈ ယောက် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက အတည်ပြုလိုက်ပါတယ်။
ရုရှားနိုင်ငံကို ရာစုနှစ် ၄ ပုံ ၁ ပုံလောက် အုပ်ချုပ်နေတဲ့ သမ္မတ Vladimir Putin ဟာ နောက်ထပ် ၆ နှစ် သက်တမ်း ဆက်လက် အာဏာရမယ့် အလားအလာ ရှိနေပါတယ်။
မြန်မာသင်္ဘောသားအများစု လိုက်ပါသွားတဲ့ ဘူဂေးရီးယားကုန်တင်သင်္ဘောကို ဆိုမာလီပင်လယ်ဓားပြတွေလက်က ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း အိန္ဒိယရေတပ်က ပြောပါတယ်။ Maltese မှတ်ပုံတင် MV Ruen ကုန်တင်သင်္ဘောကို ပြန်ပေးဆွဲသွားတာ ၃ လအကြာ အိန္ဒိယကမ်းလွန်ရေပြင်မှာ ပြန်လည်သိမ်းပိုက်ပြီး သင်္ဘောသားတွေကို ကယ်တင်ခဲ့တာပါ။
အာဏာသိမ်း စစ်ကောင်စီက အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဆန့်ကျင်ကြောင်း နယ်သာလန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားတွေက ပေါင်းစုပြီး အမ်စတာဒမ်မြို့တော်မှာ စနေနေ့က ကန့်ကွက်ခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်တွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်တဲ့ ဥပဒေဖြစ်လို့ ကန့်ကွက်ရကြောင်း ဆန္ဒပြသူတဦးက ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီ တတိယသက်တမ်း ဆက် အုပ်ချုပ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယအထွေထွေရွေးကောက်ပွဲကို ဧပြီ ၁၉ ရက်ကနေ စတင်ကာ ခြောက်ပတ်ကျော် ကျင်းပမှာဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင်က စနေနေ့မှာ ကြေညာလိုက်ပါတယ်။
ဒါဇင်နဲ့ချီတဲ့ အမေရိကန် ကုမ္ပဏီတွေဆီကနေ အီရန်ဗဟိုဘဏ် CBI အပါအဝင် အီရန်လုပ်ငန်းတွေအတွက် နည်းပညာတွေ တရားမဝင် လွှဲပြောင်းပေးနေတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေပါဝင်တဲ့ ကွန်ရက်အဖွဲ့ကို အမေရိကန် ဘဏ္ဍာရေးဌာနက ဒဏ်ခတ် အရေးယူလိုက်ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေကို ကာတာနိုင်ငံမှာ ဒီနေ့ တနင်္ဂနွေနေ့မှာ အစောဆုံးထားပြီး ပြန်လည်စတင်ဖို့ ရှိနေပါတယ်။ ဆွေးနွေးပွဲကို တနင်္လာနေ့အထိ ရွှေ့ဆိုင်းထားနိုင်ပေမယ့် တနင်္ဂနွေ နေ့လယ်ပိုင်း ပြန်လည်စတင်ဖို့ မျှော်လင့်ထားကြောင်း အီဂျစ်တာဝန်ရှိသူတွေက ပြောတာပါ။
နောက်ထပ်ကြည့်ရှုရန်