ရုရှားနိုင်ငံမြောက်ပိုင်း၊ Karelia ဒေသက အုပ်ချုပ်ရေးရုံး အဆောက်အဦကို ယူကရိန်းအတွက် ဗုံးခွဲ တိုက်ခိုက်ဖို့ စီစဉ်ခဲ့သူလို့ဆိုတဲ့ Belarus နိုင်ငံသားတဦးကို ပစ်ခတ် သတ်ဖြတ်လိုက်တယ်ကြောင်း ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB က ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ ပြောပါတယ်။
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးနေတဲ့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကနေ သူတို့အဖွဲ့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဟာမတ်စ်အဖွဲ့က ပြောကြားလိုက်ပြီး ဆွေးနွေးပွဲတွေကို ရှေ့သီတင်းပတ်အတွင်း ပြန်စမယ်လို့ ဆိုပါတယ်။
သင်္ဘောပေါ်ကသူတွေကို အသက်ကယ်လှေတွေ၊ ရဟတ်ယာဉ်တွေနဲ့ ကယ်တင်ပြီး INS Kolkata အိန္ဒိယရေတပ်ရဲ့ သင်္ဘောပေါ်ကို ခေါ်တင်နေတဲ့ ရုပ်သံဖိုင်ကိုလည်း အိန္ဒိယရေတပ်က ထုတ်ပြန်ထားပါတယ်။
မတ် ၈ ရက်၊ ၂၀၂၄ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် “အမျိုးသမီးတွေအတွက် ရင်းနှီးမြှုပ်နှံပြီး အရှိန်မြှင့်လုပ်ဆောင်ရေး” ဆောင်ပုဒ်က အမျိုးသမီးအရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းတာဖြစ်ကြောင်း ကုလအမျိုးသမီး စီးပွားရေး စွမ်းဆောင်နိုင်မှုကဏ္ဍဆိုင်ရာအကြီးအကဲ Jemimah Njuki က ပြောပါတယ်။
ယူကရိန်းသမ္မတဇလန်းစကီး ရုရှားက ပစ်လိုက်တဲ့ ဒုံးကျည်ဘေးကနေ ကပ်ပြီးလွတ်မြောက်သွားပါတယ်။ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆားမြို့မှာ ရောက်ရှိနေတဲ့ သမ္မတဇလန်းစကီးရဲ့ ယာဉ်တန်းနားကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့တာပါ။
ကမ္ဘာမှာ တရားဝင်မှတ်တမ်းအရ အသက်အကြီးဆုံး ဘွားဘွားကြီး မာရီယာ အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို စပိန်နိုင်ငံ၊ ဂျရိုနာမြို့က ဘိုးဘွားရိပ်သာမှာ ဆင်နွှဲခဲ့ပါတယ်။
သမ္မတ Xi Jinping သမ္မတတာဝန် ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တာအတွင်း စစ်အသုံးစရိတ် နှစ်ဆကျော် တိုးလာတာဖြစ်သလို ထိုင်ဝမ်နဲ့ ပတ်သက်လို့ တရုတ်ဘက်က အတင်းမာဆုံး ရပ်တည်ချက်ကို ပြသနေချိန် အခုလို စစ်အသုံးစရိတ် တိုးမြှင့်လိုက်တာပါ။
ဂါဇာဒေသမှာ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးခံ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးရေး ၃ ရက်ကြာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ထူးခြားတဲ့ရလဒ် မရှိသေးကြောင်း ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အီဂျစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
မတ်လ ၅ ရက် အင်္ဂါည မြန်မာစံတော်ချိန် ည ၉ နာရီခွဲလောက်မှာ Mata လူမှုကွန်ရက်တွေအားလုံး ရပ်ဆိုင်းသွားလို့ ဖေ့ဘုတ်၊ အင်စတာဂရမ် လူမှုကွန်ရက်အသုံးပြုနေသူတွေ၊ မက်ဆင်ဂျာကနေ ဖုံးစကားပြောနေသူတွေအားလုံး ဆက်အသုံးပြုလို့ မရ ဖြစ်သွားခဲ့တာပါ။
အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေ အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ အမေရိကန်က တွန်းအားပေးနေတဲ့ တချိန်တည်းမှာ ဂါဇာဒေသမှာ ဆေးဝါးကုသရေးနဲ့ အကူအညီတွေပေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ အပြင်းအထန် ကြုးပမ်းနေပါတယ်။
အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift အရှေ့တောင်အာရှတိုက်တခုလုံးမှာ စင်္ကာပူတနိုင်ငံထဲမှာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်ဟာ တခြား အိမ်နီးချင်းနိုင်ငံတွေအပေါ် ရန်လိုတဲ့သဘောနဲ့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ရှင်းလင်းပြောဆိုပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့ ဒီကနေ့ တိုက်မိတဲ့အတွက် သူတို့ရဲ့ သင်္ဘောတစီး ပျက်ဆီးသွားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်