အစ္စရေးနဲ့ ပါလက်စတိုင်း Hamas စစ်သွေးကြွတို့ကြားဖြစ်နေတဲ့ တိုက်ပွဲကြောင့် ၅ လ ကျော် အတွင်း သေဆုံးသူ ၃ သောင်း ၂ ထောင်ကျော်သွားပြီလို့ ဂါဇာဒေသထဲက ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ပြောကြားပါတယ်။
အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်ကြီးဟာ ကမ္ဘာတဝန်းကို ပျံ့နှံ့နေပြီး နှစ်စဉ်ဝင်ငွေ ၃ Trillion လောက် ရရှိနေတယ်လို့ Interpol နိုင်ငံတကာရဲတပ်ဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။
သန့်ရှင်းစွမ်းအင်လုပ်ငန်းတွေအတွက် တရုတ်အစိုးရကပေးနေတဲ့ အမတော်ကြေး အထောက်အပံ့တွေဟာ ၊ အမေရိကန်ကုမ္ပဏီတွေ နဲ့ အလုပ်သမားတွေအပြင် ကမ္ဘာတဝန်းက ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကိုပါ ထိခိုက်စေတဲ့ မမျှတတဲ့ပြိုင်ဆိုင်မှုတွေကို ဖန်တီးပေးနေတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောလိုက်ပါတယ်။
LGBTQ+ လိင်တမူကွဲ၊ လိင်တူ စုံမက်သူချင်း တရားဝင် လက်ထပ်ထိမ်းမြားနိုင်မယ့် ဥပဒေကြမ်းကို ထိုင်းအောက်လွှတ်တော်မှာ အတည်ပြုလိုက်တာမို့ အရှေ့တောင်အာရှမှာ LGBTQ+ တွေ အိမ်ထောင်ပြုမှုဆိုင်ရာ အခွင့်အရေး တန်းတူရတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာဖို့ လမ်းပွင့်သွားပါတယ်။
၂၀၁၄ ခုနှစ်နောက်ပိုင်း ဆယ်နှစ်အတွင်း ကမ္ဘာတဝှမ်းမှာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းအခြေချသူ ၆၃,၀၀၀ ကျော် ပျောက်ဆုံးခဲ့ပြီး ပျောက်သွားသူအများဆုံး အာဖဂန်နစ္စတန်ပြီးရင် မြန်မာနိုင်ငံက ဒုတိယ-လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းအခြေချဖို့ ကြိုးစားသူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM အဖွဲ့ကြီးရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင်း Aceh Jaya ရေပြင်မှာ မော်တော်တစင်း တိမ်းမှောက်ခဲ့ပြီးတဲ့နောက် ရိုဟင်ဂျာဒုက္ခသည်လို့ယူဆရသူ ၁၀ ဦးရဲ့ ရုပ်အလောင်းတွေကို ဘန်ဒါအာချေးဒေသ ကယ်ဆယ်ရေးအာဏာပိုင်တို့ တွေ့ရှိခဲ့ပါတယ်။
Hamas စစ်သွေးကြွအဖွဲ့ကို ချေမှုန်းဖို့အတွက် စစ်ဆင်ရေးတွေကို အရှိန်မြှင့်ဆက်လုပ်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က ဒီနေ့ထပ်မံကတိပြုလိုက်ပြီး၊ ဂါဇာကမ်းမြောင်ဒေသမှာ ချက်ချင်း အပစ်ရပ်ဖို့ တောင်းဆိုထားတဲ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
Chen Xuyuan ဟာ ၂၀၂၀ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့အလုပ်တွေမှာ ပရောဂျက် ကန်ထရိုက်ပေးတာ၊ လုပ်ငန်းရင်းနှီးမြှပ်နှံတာ၊ အားကစားပွဲအစီအစဉ်တွေလုပ်တဲ့နေရာတွေမှာ လုပ်ပိုင်ခွင့်သုံးပြီး အလွဲသုံးစားလုပ်ခဲ့တယ်လို့ Hubei နယ်တရားရုံးတခုက ဆုံးဖြတ်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ်၊ Baltimore မြို့က Patapsco မြစ်ကိုဖြတ်ဆောက်ထားတဲ့ Francis Scott Key တံတားကြီး ပြိုကျသွားခဲ့ပြီးနောက် ရေထဲကျသွားတဲ့ လူပေါင်း ၂၀ ထက်မနည်းကို ကယ်ဆယ်ရေးအဖွဲ့တွေ ရှာဖွေနေကြပါတယ်။
ယူကရိန်းနိုင်ငံမြို့တော် Kyiv ထဲကို သီတင်းတပတ်အတွင်း တတိယအကြိမ်အဖြစ် ရုရှားတို့က တနင်္လာနေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမြို့ကြီးတွေကို ရုရှားက လေကြောင်းကနေ ဗုံးတွေနဲ့အကြီးအကျယ် တိုက်ခိုက်နေတာပါ။
နီပေါနိုင်ငံမှာ တရုတ်ရဲ့ငွေကြေးမ,တည်တဲ့ နိုင်ငံတကာ လေဆိပ်ကို ဖွင့်လှစ်ခဲ့တာ တနှစ်ကျော် ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံတကာလေယာဉ်ဆိုက်ရောက်မှု မရှိသေးပါဘူး။ Pokhara လေဆိပ်အတွက် ကျသင့်ငွေကို မကြာခင်မှာပြန်ပြီး ချေးငွေဆပ်ရတော့မယ့်အချိန်မှာ အကြွေးထောင်ခြောက်ထဲပိတ်မိမယ့်အရေး နီပေါ လူထုအတွင်း စိုးရိမ်နေကြပါတယ်။
ရုရှားနိုင်ငံ မော်စကိုမြို့က ဂီတဖျော်ဖြေရေးပွဲတခုကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ သူတို့လက်ချက်ဖြစ်ကြောင်း IS တို့ကြေညာလိုက်ပြီးတဲ့နောက် ပြင်သစ်နိုင်ငံလိုပဲ အီတလီမှာလည်း လုံခြုံရေးအဆင့်ကို အလားတူတိုးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်