အစ္စရေးစစ်တပ်ကနေ ဂါဇာကမ်းမြှောင်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေက အရပ်သားတွေကို ရွှေ့ပြောင်းပေးမည့် အစီအစဉ်နဲ့ နောက်ထပ်လုပ်မည့် စစ်ဆင်ရေးအစီအစဉ်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ပဲ တင်ပြထားကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ရုံးက သတင်း ထုတ်ပြန်ထားပါတယ်။
အရှေ့တောင်အာရှမှာ အကြီးဆုံးနဲ့ ကာလအကြာဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ ထိုင်းနဲ့ အမေရိကန်တို့ရဲ့ "ရွှေမြွေဟောက် စစ်ရေးလေ့ကျင့်မှု" Cobra Gold 2024 ကို ဒီလ ၂၆ ရက်နေ့ကနေ မတ်လ ၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ထိုင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jirayu Houngsub က ပြောပါတယ်။
ဆွစ်ဇာလန်နိုင်ငံကစီစဉ်တဲ့ ငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ နှစ်နှစ်ကြာစစ်ပွဲအဆုံးသတ်နိုင်ရေး ယူကရိန်းနိုင်ငံရဲ့မျှော်မှန်းချက်ကို ဖော်ပြခွင့်ရဖို့မျှော်လင့်ကြောင်း၊ အဲဒီငြိမ်းချမ်းရေးအစီစဥ်မူကြမ်းကို ရုရှားဆီတင်ပြမယ်လို့လည်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးလ်မြို့က အကျဥ်းထောင်မှာ ဖမ်းဆီးထားခံထားရကနေ ပြန်လွတ်လာတဲ့ သြစတြီးယားနိုင်ငံသား ၈၄ နှစ်အရွယ် Herbert Fritz ဟာ ကာတာနိုင်ငံ၊ ဒိုဟာမြို့ကို တနင်္ဂနွေနေ့ နေ့လယ်ပိုင်းမှာရောက်ရှိလာတယ်လို့ သြစတြီးယား နိုင်ငံခြားရေးရုံးက ထုတ်ပြန်ပါတယ်။
ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄၀၉,၈၂၀ ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ယောက် ဆုံးရှုံးခဲ့ကြောင်းလည်း Facebook လူမှုကွန်ရက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းသူတွေ ကာတာနိုင်ငံကို စေလွှတ်ဖို့ အစ္စရေးအစိုးရဲ့ အရေးပေါ် စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့က မနေ့ကပဲ လက်ခံလိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံ သတင်းတွေက ဖော်ပြနေပါတယ်။
ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အတိုက်အခံမရှိဘဲ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီး မနှစ်ကပဲ Hun Manet ကို အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hun Sen ဟာလည်း နိုင်ငံရေးမှာ တကျော့ပြန်ဝင်လာမယ့် အလားအလာ ရှိနေပါတယ်။
ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့က လူနေအဆောက်အဦး တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒရုန်းထိမှန်ခဲ့တဲ့အတွက် တယောက်ထက်မနည်း သေဆုံးရသလို အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မက္ကဆီကိုနိုင်ငံကတဆင့် တင်သွင်းတဲ့ တန်ဖိုးနည်း တရုတ် မော်တော်ယာဥ်တွေနဲ့ အစိတ်အပိုင်းတွေကို ပိတ်ပင်သင့်တယ်လို့ အမေရိကန် ကားထုတ်လုပ်သူများအရေး ဆောင်ရွက်နေတဲ့အဖွဲ့က သောကြာနေ့က တောင်းဆိုလိုက်ပြီး ဒီတန်ဖိုးနည်း တရုတ်ကားတွေက အမေရိကန်ဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးပါတယ်။
ဟားမတ်စ်တွေလက်ထဲ ဆက်ရှိနေသေးတဲ့ လက်ကျန် အစ္စရေးဓားစာခံတွေ ပြန်လွတ်မြောက်ရေး ဆွေးနွေးပွဲကိုတက်ရောက်ဖို့ အစ္စရေးထောက်လှမ်းရေး Mossad အကြီးအကဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပါရီမြို့ကို ရောက်ရှိနေပါတယ်။ ဂါဇာမှာ အပစ်ရပ်ရေး အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ စနေနေ့မှာ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထဲက နိုင်ငံ့ခေါင်းဆောင်တွေဟာ စနေနေ့မှာ တွေ့ဆုံကြပြီး ဒေသတွင်းအရေးကို ဆွေးနွေးခဲ့ပါတယ်။ Niger အပေါ် ဒဏ်ခတ်အရေးယူထားတာကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်အာဏာသိမ်း ၃ နိုင်ငံက ECOWAS ထဲကနှုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့တောင်းဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပို့ချပေးနေတဲ့ အမေရိကန်စစ်တပ်ဟာ ကုန်ကျစရိတ်တွေအတွက် အိတ်စိုက်လုပ်နေရတယ်လို့ ဥရောပဆိုင်ရာ အမေရိကန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ သူတို့ လုပ်ငန်းလည်ပတ်ရမယ့် အသုံးစရိတ်ထဲက ယူကရိန်းအတွက်ပါ စိုက်ထုတ်သုံးစွဲနေရတာပါ။
နောက်ထပ်ကြည့်ရှုရန်