ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှာ နွေရာသီကျင်းပမယ့် အိုလံပစ်အားကစားပွဲတော် ကျင်းပတဲ့အခါ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၂,၀၀၀ ကျော် ပေးပို့ ကူညီဖို့ ပြင်သစ်အစိုးရက နိုင်ငံပေါင်း ၄၆ နိုင်ငံကို အကူအညီတောင်းထားပါတယ်။
ရုရှားနဲ့ ဆက်ဆံရေး ပြေလည်တဲ့ အိန္ဒိယအစိုးရနဲ့ ဆက်ဆံရေး တိုးတက်အောင်ကြိုးစားဖို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယကို သွားရောက်ခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေဟာ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးအပါအဝင် လက်ထောက် အမျိုးသား လုံခြုံရေးအကြံပေးအရာရှိတို့နဲ့ ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ တွေ့ဆုံပါတယ်။
အစ္စရေးနဲ့ လက်ဘနွန်နယ်စပ်မျဉ်းတလျှောက် ခြေကျင်လေ့လာရေးလုပ်နေကြတဲ့ UNTSO အဖွဲ့ဝင် ၄ ယောက်နား ဗုံးကျည်ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အပစ်အခတ်ရပ်ဆဲရေး လေ့လာစောင့်ကြည့်အဖွဲ့ UNTSO အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီမိုကရေစီအခွင့်အရေးတွေကို ပိုပြီးကန့်သတ်တင်းကြပ်တဲ့ လုံခြုံရေးဥပဒေသစ် ဟောင်ကောင်မှာ ထုတ်ပြန်ခဲ့ပြီး မကြာခင် အခုလို အရေးယူမှုတွေ လုပ်တော့မယ်လို့ ကန့်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ဟားမတ်စ်တွေ အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်ခဲ့ချိန်ကစပြီး အစ္စရေးက ပါလက်စတိုင်းရဲ့ ဂါဇာမှာရော ဆီးရီးယားမြောက်ပိုင်းက လက်ဘနွန်ဟက်ဇ်ဘိုလာ Hezbollah တွေနဲ့ အီရန်တော်လှန်ရေးအစောင့်တပ် IRGC တို့ကို တိုက်ခိုက်နေရာကနေ သောကြာနေ့ကတော့ လက်ဘနွန်မှာလေကြောင်း တိုက်ခိုက်မှုကို အရှိန်မြှင့် လိုက်ပါတယ်။
ဟားမတ်စ်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က သောကြာနေ့မှာ အတည်ပြုပေးလိုက်ပါတယ်။ ဂါဇာက အငတ်ဘေးကြုံနေရတဲ့ ပါလက်စတိုင်းတွေ အတွက် အရေးပေါ် လူသားစာနာမှု အကူညီပေးဖို့ ICJ တရားရုံးက အစ္စရေးကို အမိန့်ချလိုက်ပြီး နောက်တနေ့မှာပဲ အခုလို သဘောတူလိုက်တာပါ။
လူသားချင်းစာနာမှု အကြပ်အတည်းနဲ့ ပဋိပက္ခတွေအကြား မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝန်း မွတ်ဆလင်တွေ ဒီနှစ် ဥပုသ်လ အခက်ခဲဆုံးအချိန်တွေကို ဖြတ်သန်း ရင်ဆိုင်နေရတဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က မနေ့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။
ယေရှုခရစ်တော် ကားစင်တင်ခံရတဲ့နေ့အဖြစ် ခရစ်ယာန်ဘာသာဝင်တွေ သတ်မှတ်ထားတဲ့ ဒီနေ့ Good Friday ထူးမြတ်တဲ့သောကြာနေ့မှာ ကမ္ဘာတဝန်းက ခရစ်ယာန်ဘာသာဝင်တွေ ဘာသာရေးအခမ်းအနားတွေကို ဆင်နွှဲနေကြပါတယ်။
"ကမ္ဘာကြီးမှာ အပြန်အလှန်ဆက်သွယ်မှု လိုနေတာပါ။ အဆက်ဖြတ်ကြဖို့ မဟုတ်ပါဘူး" လို့ နောက်ဖြစ်လာမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီးလို့ယူဆကြတဲ့ အကြီးတန်းသံတမန် လျူကျင်းချောင် (Liu Jianchao) က ၄ ရက်ကြာ စင်္ကာပူခရီးမှာ ပြောလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်ကတိုက်ခိုက်တာဟာ အန္တရာယ်ကြီးမားလှတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ကဆိုလိုက်ပြီး ပြန်လည် တုံ့ပြန်မယ်လို့လည်း ကြာသပတေးနေ့က ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ အနောက်ဘက်ဆုံးကမ်းခြေကို ရောက်လာခိုလှုံနေကြတဲ့ရိုဟင်ဂျာတွေကို သူတို့ ယာယီခိုနားရာနေရာကနေ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ယူကရိန်းကို စစ်ရေးအကူပေးရေးဥပဒေကြမ်းကို အောက်လွှတ်တော်မှာမဲခွဲဖို့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ပြောခဲ့ကြောင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်