ယူကရိန်းနဲ့ ၂ နှစ်ကြာ စစ်ပွဲမှာ ရုရှားစစ်တပ်က တပ်ဖွဲ့ဝင်အင်အား ၄၀၉,၈၂၀ ဆုံးရှုံးခဲ့ကြောင်း ယူကရိန်းစစ်တပ်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်းမှာပဲ ရုရှားတပ်ဖွဲ့ဝင် ၈၁၉ ယောက် ဆုံးရှုံးခဲ့ကြောင်းလည်း Facebook လူမှုကွန်ရက်က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။
အစ္စရေးနဲ့ ဟာမတ်စ်ကြား အပစ်အခတ် ရပ်စဲရေး စေ့စပ်ညှိနှိုင်းသူတွေ ကာတာနိုင်ငံကို စေလွှတ်ဖို့ အစ္စရေးအစိုးရဲ့ အရေးပေါ် စစ်ဘက်ဆိုင်ရာ ဝန်ကြီးအဖွဲ့က မနေ့ကပဲ လက်ခံလိုက်ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသခံ သတင်းတွေက ဖော်ပြနေပါတယ်။
ရွေးကောက်ပွဲ ရလဒ်နဲ့အတူ ဆယ်စုနှစ်တွေနဲ့ချီ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပြီးနောက် အတိုက်အခံမရှိဘဲ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲအပြီး မနှစ်ကပဲ Hun Manet ကို အာဏာလွှဲပေးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Hun Sen ဟာလည်း နိုင်ငံရေးမှာ တကျော့ပြန်ဝင်လာမယ့် အလားအလာ ရှိနေပါတယ်။
ယူကရိန်းတောင်ပိုင်း Odesa ဆိပ်ကမ်းမြို့က လူနေအဆောက်အဦး တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒရုန်းထိမှန်ခဲ့တဲ့အတွက် တယောက်ထက်မနည်း သေဆုံးရသလို အများအပြား ဒဏ်ရာရခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။
အမေရိကန်အစိုးရအနေနဲ့ မက္ကဆီကိုနိုင်ငံကတဆင့် တင်သွင်းတဲ့ တန်ဖိုးနည်း တရုတ် မော်တော်ယာဥ်တွေနဲ့ အစိတ်အပိုင်းတွေကို ပိတ်ပင်သင့်တယ်လို့ အမေရိကန် ကားထုတ်လုပ်သူများအရေး ဆောင်ရွက်နေတဲ့အဖွဲ့က သောကြာနေ့က တောင်းဆိုလိုက်ပြီး ဒီတန်ဖိုးနည်း တရုတ်ကားတွေက အမေရိကန်ဈေးကွက်ကို ခြိမ်းခြောက်နိုင်ကြောင်း သတိပေးပါတယ်။
ဟားမတ်စ်တွေလက်ထဲ ဆက်ရှိနေသေးတဲ့ လက်ကျန် အစ္စရေးဓားစာခံတွေ ပြန်လွတ်မြောက်ရေး ဆွေးနွေးပွဲကိုတက်ရောက်ဖို့ အစ္စရေးထောက်လှမ်းရေး Mossad အကြီးအကဲ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပါရီမြို့ကို ရောက်ရှိနေပါတယ်။ ဂါဇာမှာ အပစ်ရပ်ရေး အတွက် ငြိမ်းချမ်းရေး ညှိနှိုင်းသူတွေ စနေနေ့မှာ ကြိုးပမ်းနေကြတာဖြစ်ပါတယ်။
အနောက်အာဖရိကနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထဲက နိုင်ငံ့ခေါင်းဆောင်တွေဟာ စနေနေ့မှာ တွေ့ဆုံကြပြီး ဒေသတွင်းအရေးကို ဆွေးနွေးခဲ့ပါတယ်။ Niger အပေါ် ဒဏ်ခတ်အရေးယူထားတာကို ပြန်လည်သုံးသပ်ဖို့နဲ့ စစ်အာဏာသိမ်း ၃ နိုင်ငံက ECOWAS ထဲကနှုတ်ထွက်မယ့် ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းဖို့တောင်းဆိုပါတယ်။
ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပို့ချပေးနေတဲ့ အမေရိကန်စစ်တပ်ဟာ ကုန်ကျစရိတ်တွေအတွက် အိတ်စိုက်လုပ်နေရတယ်လို့ ဥရောပဆိုင်ရာ အမေရိကန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ သူတို့ လုပ်ငန်းလည်ပတ်ရမယ့် အသုံးစရိတ်ထဲက ယူကရိန်းအတွက်ပါ စိုက်ထုတ်သုံးစွဲနေရတာပါ။
ပါလက်စတိုင်း စစ်သွေးကြွတွေ ဆက်လက်ထိန်းသိမ်းထားတဲ့ လက်ကျန်ဓားစာခံတွေ ပြန်လွတ်ပေးရေး ဆွေးနွေးဖို့ အစ္စရေး ထောက်လှမ်းရေးအဖွဲ့ မော့ဆက် အကြီးအကဲ David Barnea ဟာ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ကို ရောက်ရှိနေပါတယ်။
ယူကရိန်းနိုင်ငံကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်တာ ၂ နှစ်ပြည့်တဲ့နေ့မှာ ယူကရိန်းဘက်က ဆက်လက်ရပ်တည် ထောက်ခံနေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက ပြသခဲ့ပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမှာ ၂၄ နာရီအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဟားမတ်စ်တွေ ထိန်းချုပ်ထားတဲ့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ပြောပါတယ်။ ဂါဇာတောင်ပိုင်းက Khan Younis နဲ့ ရာဖာမြို့ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသူအနည်းဆုံး ၁၀၄ ယောက် ရှိတယ်လို့ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်