ဂါဇာကမ်းမြှောင်ဒေသမှာ ဟားမတ်စ်ကို အင်အားအပြင်းအထန်သုံး ချေမှုန်းနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု လုပ်ရပ်ဟာ အစ္စရေးနိုင်ငံအတွက် အထောက်အကူ မဖြစ်စေဘဲ ထိခိုက်နစ်နာမှုတွေသာ ဖြစ်စေကြောင်း သမ္မတ Joe Biden က ဝေဖေန်ပြောကြားလိုက်ပါတယ်။
ရုရှားရဲ့ ကျုးကျော်မှုကြောင့် လူပေါင်းထောင်သောင်းချီ သေဆုံးရတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်အောင် ယူကရိန်းအနေနဲ့ စေ့စပ်ညှိနှိုင်းရဲတဲ့ သတ္တိရှိဖို့လိုကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ကြားလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ မိုးသည်းထန်ရွာသွန်းရာက ရေကြီးမြေပြိုမှုတွေကြောင့် ၁၉ ယောက်ထက်မနည်း သေဆုံးပြီး၊ ၇ ယောက် ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူတွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ဂါဇာဒေသမှာ ယာယီဆိပ်ခံတံတားဆောက်မယ့် ပစ္စည်းတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်တပ်က သင်္ဘောတစင်း ဒီကနေ့ပဲ မြေထဲပင်လယ်ဒေသကို သွားရောက်နေပါတယ်။
NATO မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဆွီဒင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း NATO ရဲ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ သူ့လို နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ဖင်လန်နဲ့ အတူ နော်ဒစ်ဒေသမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်။
အစ္စရေးတွေရဲ့ စနေနေ့ တိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်း ရာဖာမြို့က အကြီးဆုံး လူနေအဆောက်အအုံ တခု ပျက်စီးခဲ့ရပြီး ဒါဇင်နဲ့ချီတဲ့ မိသားစုတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသလို မကြာခင် အလုံးအရင်းနဲ့ ထိုးစစ်ဆင်မယ်လို့ အစ္စရေးက ကြေညာထားတာအတွက်လည်း ပိုစိုးရိမ် လာကြပါတယ်။
NATO မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်လာပြီး နာရီပိုင်းအတွင်းမှာပဲ ဆွီဒင်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း NATO ရဲ အကြီးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှာ သူ့လို နောက်ဆုံးမှ အဖွဲ့ဝင်ဖြစ်လာတဲ့ ဖင်လန်နဲ့ အတူ နော်ဒစ်ဒေသမှာ ပါဝင်လေ့ကျင့်ခဲ့ပါတယ်
ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့ထဲမှာ အီရန် ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်ရေး ဒရုန်း ၁၅ စင်းကို အမေရိကန် နဲ့ မဟာမိတ် တပ်ဖွဲ့တွေက ဒီကနေ့ ပစ်ချခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ငြိမ်းချမ်းရေးအတွက် ရုရှားနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကိစ္စ လက်မခံဘူးဆိုတာ တူရကီနိုင်ငံမှာ တူရကီသမ္မတနဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းပွဲမှာ သမ္မတ Zelenskiy က အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ပို့ဆောင်ပေးမယ့် လူသားချင်းစာနာတဲ့ အကူအညီတွေ Cyprus ကျွန်းကနေ သင်္ဘောနဲ့ ပို့ဆောင်ဖို့ ပစ္စည်းတွေ တင်ဆောင်နေပြီလို့ အမေရိကန်ပရဟိတအဖွဲ့တခုက ဒီနေ့ စနေနေ့မှာ ပြောကြားပါတယ်။
ယူကရိန်း- ရုရှား စစ်ဖြစ်နေတဲ့ ၂ နှစ်ကျော်ကာလ အတွင်း NATO အဖွဲ့ဝင်ဖြစ်တဲ့ တူရကီဟာ ၂ ဖက်စလုံးနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ အတွက် ဒီ ၂ နိုင်ငံကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ လုပ်လာအောင် တိုက်တွန်းမယ်လို့ မျှော်လင့်နေကြတာပါ။
နောက်ထပ်ကြည့်ရှုရန်