ဝါရှင်တန်ဒီစီမြို့မှာ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်း ပဏာမရွေးချယ်မှုကို မနေ့ တနင်္ဂနွေနေ့က ကျင်းပတာမှာ တောင်ကယ်ရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှုးဟောင်းလည်းဖြစ် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးလည်း ဖြစ်တဲ့ Nikki Haley အနိုင်ရပါတယ်။
အမေရိကန် ဒုသမ္မတ Harris ဟာ အစ္စရေးအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ Benny Gantz နဲ့ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိကြောင်း သမ္မတ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး ၁၁ ဦးမြောက်ဖြစ်ပြီး၊ အာရှဒေသမှာ အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီး Mukesh Ambani မူးကေ့ရှ် အမ်ဘာနီရဲ့ သားထွေး အာနန့်ရဲ့ မင်္ဂလာပွဲကြို ဆင်နွှဲပွဲမှာ ပေါ့စတား ရီဟားနား အိန္ဒိယမှာ လာရောက်ဖျော်ဖြေသွားပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ပဟေဠိဆန်ဆန်ပျောက်ဆုံးသွားတဲ့ မလေးရှားလေကြောင်းလိုင်းပိုင် MH370 နဲ့အတူလိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေက ရှာဖွေမှုတွေထပ်လုပ်ပေးဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။
ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ ပါကစ္စတန်အထွေထွေရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့တဲ့ကြားမှာပဲ ပါကစ္စတန်လွှတ်တော်က Shehbaz Sharif ကိုဝန်ကြီးချုပ်သစ်အဖြစ် တနင်္ဂနွေနေ့မှာ မဲပေးရွေးချယ်လိုက်ကြပါတယ်။
မြန်မာနိုင်ငံနယ်စပ်က အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေရဲ့ လုပ်ငန်းတွေမှာ ပိတ်မိနေခဲ့ကြတဲ့ တရုတ်နိုင်ငံသားတွေထဲက ၉၀၀ လောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တရုတ်နိုင်ငံကို လွှဲပြောင်းရာမှာ ကူညီပေးခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
ရုရှား-အာဆီယံ ဆက်ဆံရေးဆိုင်ညှိနှိုင်းရေးမှူးအဖြစ် အလှည့်ကျ ဘရူးနိုင်း အစား မြန်မာနိုင်ငံကို အာဆီယံက ပြောင်းလဲ ခန့်အပ်လိုက်တာကို ဒေသတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်နေတဲ့ Justice For Myanmar (JFM) အဖွဲ့ က ၀ေဖန်ကန့်ကွက်လိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံမှာ မိုးသည်းထန်မှုကြောင့် လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း ၂၉ ဦးထက်မနည်း သေဆုံးပြီး၊ ၅၀ လောက် ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေ ဒီကနေ့ပဲ အတည်ပြုလိုက်ပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေပြန်လွှတ်ဖို့ သဘောတူညီချက်ရရှိရေး အီဂျစ်နဲ့ ကာတာနိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဆွေးနွေးမှုတွေကို ကိုင်ရိုမြို့မှာ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။
အမေရိကန် တောင်ပိုင်း တက္ကဆက်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ လောင်ကျွမ်းနေတဲ့ မီးဟာ တက္ကဆက် သမိုင်းမှာ အကြီးဆုံး တောမီးကြီးဖြစ်ပြီး ၊ ရာသီဥတု အခြေအနေတွေကြောင့် မီးစွယ်ကျိုးအောင် ငြိမ်းသတ်ဖို့ မီးသတ်သမားတွေ အတော်ကို ရုန်းကန်နေရပါတယ်။
အထင်အရ ထိုင်းလွှတ်တော်အမတ်တွေဦးဆောင်ပြီး မြန်မာ့အရေးအဖြေရှာတဲ့ ဆွေးနွေးပွဲကို ထိုင်းလွှတ်တော်မှာ ၂ရက်တာကျင်းပပါတယ်။ NUG ခေါင်းဆောင်တွေ၊ မြန်မာ့အရေး ဦးဆောင်လှုပ်ရှားသူတွေကိုဖိတ်ပြီး ခုလို ဆွေးနွေးတဲ့အပေါ် အင်မတန်အားတက်မိတယ်လို့ ရှေ့ပြေးအသံအဖွဲ့က ဒေါ်ခင်ဥမ္မာက ပြောပါတယ်။ မခင်ဖြူထွေး မေးမြန်းထားပါတယ်။
မြန်မာပြည်သူတွေရဲ့ အခြေအနေတွေ လိုအပ်ချက်တွေ ကြုံရတဲ့ စိန်ခေါ်ချက် ဒုက္ခတွေ အဲဒါတွေကိုလည်း သူတို့ နားထောင်ပြီးတော့ .. အဲဒီကနေပြီးတော့မှ ပြည့်စုံကုံလုံတဲ့ သုံးသပ်ချက် လွှမ်းခြုံမှုရှိတဲ့ သုံးသပ်ချက်တွေနဲ့ အဖြေရှာချင်တယ် ဆိုတဲ့ဟာမျိုး ထိုင်းအောက်လွှတ်တော်ရဲ့ ဒုဥက္ကဌကလည်း ပြောသွားတယ်။
နောက်ထပ်ကြည့်ရှုရန်