ယူကရိန်းသမ္မတဇလန်းစကီး ရုရှားက ပစ်လိုက်တဲ့ ဒုံးကျည်ဘေးကနေ ကပ်ပြီးလွတ်မြောက်သွားပါတယ်။ ယူကရိန်း ပင်လယ်နက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ အိုဒက်ဆားမြို့မှာ ရောက်ရှိနေတဲ့ သမ္မတဇလန်းစကီးရဲ့ ယာဉ်တန်းနားကို ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့တာပါ။
ကမ္ဘာမှာ တရားဝင်မှတ်တမ်းအရ အသက်အကြီးဆုံး ဘွားဘွားကြီး မာရီယာ အသက် ၁၁၇ နှစ် မွေးနေ့ပွဲကို စပိန်နိုင်ငံ၊ ဂျရိုနာမြို့က ဘိုးဘွားရိပ်သာမှာ ဆင်နွှဲခဲ့ပါတယ်။
သမ္မတ Xi Jinping သမ္မတတာဝန် ယူခဲ့တဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တာအတွင်း စစ်အသုံးစရိတ် နှစ်ဆကျော် တိုးလာတာဖြစ်သလို ထိုင်ဝမ်နဲ့ ပတ်သက်လို့ တရုတ်ဘက်က အတင်းမာဆုံး ရပ်တည်ချက်ကို ပြသနေချိန် အခုလို စစ်အသုံးစရိတ် တိုးမြှင့်လိုက်တာပါ။
ဂါဇာဒေသမှာ ဟာမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးခံ အစ္စရေးဓားစာခံတွေ ပြန်လွှတ်ပေးရေး ၃ ရက်ကြာ စေ့စပ်ညှိနှိုင်းမှုတွေမှာ ထူးခြားတဲ့ရလဒ် မရှိသေးကြောင်း ဆွေးနွေးပွဲတွေ ကျင်းပနေတဲ့ အီဂျစ်နိုင်ငံ တာဝန်ရှိသူတွေက ပြောပါတယ်။
မတ်လ ၅ ရက် အင်္ဂါည မြန်မာစံတော်ချိန် ည ၉ နာရီခွဲလောက်မှာ Mata လူမှုကွန်ရက်တွေအားလုံး ရပ်ဆိုင်းသွားလို့ ဖေ့ဘုတ်၊ အင်စတာဂရမ် လူမှုကွန်ရက်အသုံးပြုနေသူတွေ၊ မက်ဆင်ဂျာကနေ ဖုံးစကားပြောနေသူတွေအားလုံး ဆက်အသုံးပြုလို့ မရ ဖြစ်သွားခဲ့တာပါ။
အစ္စရေးနဲ့ ဟာမတ်စစ်သွေးကြွတွေ အကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုရဖို့ အမေရိကန်က တွန်းအားပေးနေတဲ့ တချိန်တည်းမှာ ဂါဇာဒေသမှာ ဆေးဝါးကုသရေးနဲ့ အကူအညီတွေပေးနိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ တခြား အကူအညီပေးရေး အဖွဲ့တွေ အပြင်းအထန် ကြုးပမ်းနေပါတယ်။
အမေရိကန်ပေါ့ပ်အဆိုတော် Taylor Swift အရှေ့တောင်အာရှတိုက်တခုလုံးမှာ စင်္ကာပူတနိုင်ငံထဲမှာ ဖျော်ဖြေခွင့်ရှိရမယ်ဆိုတဲ့ သဘောတူညီချက်ဟာ တခြား အိမ်နီးချင်းနိုင်ငံတွေအပေါ် ရန်လိုတဲ့သဘောနဲ့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong က ရှင်းလင်းပြောဆိုပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့ ဒီကနေ့ တိုက်မိတဲ့အတွက် သူတို့ရဲ့ သင်္ဘောတစီး ပျက်ဆီးသွားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်လာနေရတာမို့ အာဆီယံနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ငွေကြေး အမြောက်အများ တိုးမြှင့်သုံးစွဲသွားမယ်လို့ သြစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ဟောင်ကောင်သတင်းဌာနေတွေမှာ နိုင်ငံရေးအရအထိမခံတဲ့သတင်းတွေကို မရေးကြဖို့၊ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွေထွက်မလာမချင်း သတင်းတွေကိုဆိုင်းထားဖို့နဲ့ အစိုးရကသဘောမကျမဲ့ စကားလုံးအသုံးအနှုံးတွေကိုလည်း မသုံးကြဖို့ အယ်ဒီတာတွေက သတင်းထောက်တွေကို ပြောထားတယ်လို့ ဒေသန္တရသတင်းထောက်တွေက ပြောပါတယ်
မလေးရှားနိုင်ငံထဲမှာ အထောက်အထားမရှိဘဲ တရားမဝင် နေထိုင်နေသူတွေ နေရပ်ပြန်တဲ့အခါမှာ မလေးရှားအစိုးရကို ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေကို မလေးရှားအစိုးရက မလေးရှားငွေ ရင်းဂစ် ၅၀၀ အထိ လျှော့ချပေးလိုက်ပြီး ဒီလို ဒဏ်ကြေးလျှော့ချပေးထားတဲ့ သက်တမ်းဟာ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၀ လ အကျုံးဝင်ပါတယ်။
ပြင်သစ်နိုင်ငံမှာ သန္ဓေသားဖျက်ချခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေမှာ တနင်္လာနေ့က ထည့်သွင်းလိုက်တဲ့အတွက် အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုကြပေမယ့် သန္ဓေသားဖျက်ချမှုဆန့်ကျင်သူတွေကတော့ အကြီးအကျယ်ဝေဖန်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်