ကနဦးအစီရင်ခံစာတွေအရ တိုက်ခိုက်ခံရမှုကြောင့် ရေနံချက်စက်ရုံမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ကြောင်း Ryazan ဒေသ အုပ်ချုပ်ရေးမှူး Pavel Malkov ကပြောပါတယ်။
ငတ်မွတ်ခေါင်းပါးမှုဟာ စစ်လက်နက်တခုဖြစ်လာတယ်လို့ အီးယူ ထိပ်တန်းသံတမန်ကပြောပြီးတဲ့နောက် အလှူရှင်နိုင်ငံတွေ၊ အကူအညီပေးရေးအေဂျင်စီတွေနဲ့ စေတနာရှင်တွေက ဂါဇာကို ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းတို့ကနေ အစားအစာတွေ ကူညီပေးနိုင်ဖို့ ဒီနေ့ကစပြီး ကြိုးပမ်းနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ပြဋ္ဌာန်းလိုက်တဲ့ ဘာသာရေးအခြေခံ နိုင်ငံသားဖြစ်ခွင့် ဥပဒေ ပြင်ဆင်ချက်ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေအပါအဝင် အာရှနိုင်ငံတွေက မူဆလင်လူနည်းစုတွေကို ခွဲခြား ကန့်သတ်ဖို့ ရည်ရွယ်တာဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။
နှစ် ၈ ထောင်ကျော်က နံရံပန်းချီ - တောင်အမေရိကတိုက်မှာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိတဲ့ အုတ်ဂူနံရံပန်းချီတွေကို အာဂျင်တီးနားနိုင်ငံ Patagonia ဒေသမှာ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ရိုက်တာ သတင်းတပုဒ်ကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။
နှစ်နိုင်ငံ အငြင်းပွါးနေတဲ့နေရာကို အိန္ဒိယဝန်ကြီးချုပ်သွားရောက်ခဲ့တဲ့အတွက် တရုတ်က ကန့်ကွက်ခဲ့တာကို အိန္ဒိယကပယ်ချလိုက်ပါတယ်။ ဒီနေရာက အိန္ဒိယ အရှေ့မြောက်ပိုင်း အရူနာချယ် ပရာဒက်ပြည်နယ်ကို တရုတ်က သူပိုင်နယ်မြေ Zangnan လို့ ပြောနေတာပါ။
တောင်အမေရိကတိုက်မှာ နှစ်ပေါင်း ၈ ထောင်ကျော် သက်တမ်းရှိတဲ့ အုတ်ဂူနံရံပန်းချီတွေကို အာဂျင်တီးနားနိုင်ငံ Patagonia(ပါတာ ဂိုး ညာ)ဒေသမှာ ပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ဟာမတ်စ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။
ပင်လယ်နီဒေသ ရေကြာင်းသွားလာမှုတွေကို ခြိမ်းခြောက် တိုက်ခိုက်နေတဲ့ ယီမင်နိုင်ငံအခြေစိုက် ဟူသီ သူပုန်အဖွဲ့ရဲ့ ရေအောက် ဒရုန်းနဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံး ၁၈ ခုကို အမေရိကန်တပ်ဖွဲ့တွေက မနေ့ တနင်္လာနေ့က တိုက်ခိုက်ခဲ့ပါတယ်။
"တာလီဘန်တွေတက်လာတော့ ကျမ ပညာဆက်သင်ခွင့် မရတော့ပါဘူး။ သတင်းသမားလည်း လုပ်လို့မရတော့ပါဘူး။ ကျမက ရှေ့နေတဦး ဖြစ်ချင်ခဲ့တာပါ။ တာလီဘန်တွေ အာဏာပြန်ရသွားတော့ ကျမ ကျောင်းပြီးအောင် ဆက်တက်လို့ မရတော့ပါဘူး။" (Nadia Momand -သတင်းတင်ဆက်သူ/ဥပဒေကျောင်းသူ)
အိန္ဒိယဝန်ကြီးချုပ် Narendra Modi အစိုးရက ၂၀၁၉ နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ လိုက်နာရမယ့် စည်းကမ်းတွေကို ကြေညာလိုက်ပါတယ်။ ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်တဲ့ ဝန်ကြီးချုပ်မိုဒီက တတိယအကြိမ်ပြန်လည်အရွေးခံဖို့ သီတင်းပတ်အလိုမှာ ခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့က မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရုံးချုပ်မှာ ၃၂ နိုင်ငံမြောက် နေတိုးအဖွဲ့ဝင်ဖြစ်လာတဲ့ ဆွီဒင်ကို ကြိုဆိုတဲ့အနေနဲ့ ဆွီဒင်နိုင်ငံအလံကို တနင်္လာနေ့က ပထမဆုံးလွှင့်ထူလိုက်ပါတယ်။
လွှတ်တော် စည်းဝေးပွဲကနေ သမ္မတ ရှီကျင့်ဖျင်ရဲ့အာဏာကို ပိုမို ခိုင်မြဲစေမယ့် ဥပဒေသစ်တွေ ပြင်ဆင် ပြဌာန်းခဲ့သလို၊ တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ အမျိုးသားလုံခြုံရေးကို ကာကွယ်မယ့် ပြဌာန်းချက်တွေ အပါအဝင် ဥပဒေသစ်တချို့ကိုလည်း ထုတ်ပြန်သွားဖို့ ကတိပြုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်