ဂါဇာကမ်းမြောင်ဒေသ တလျှောက်မှာရှိတဲ့ ဟာမတ်စ်အဖွဲ့နဲ့ သူတို့ရဲ့ အခြေခံ အဆောက်အအုံတွေကို အစ္စရေးစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို၊ တချိန်တည်းမှာလည်း လက်ဘနွန်တောင်ပိုင်းက ဟက်ဇ်ဘိုလာ စစ်သွေးကြွ နှစ်ဦးကို လေကြောင်းကနေ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ကြာသပတေးနေ့က ပြောပါတယ်။
အီတလီနိုင်ငံ Capri ကျွန်းမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ ယူကရိန်းရဲ့ လေကြောင်းရန်ကာကွယ်ရေးကို အားဖြည့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အီရန်နိုင်ငံ အစ်ဖန်ဟန်ပြည်နယ် (Isfahan)ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေမှာဖော်ပြသလို၊ အစ္စရေးဖက်က အီရန်ကို လက်တုန်ပြန်တိုက်ခိုက်မှုတွေလုပ်လိုက်တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းတွေမှာလည်း ဖော်ပြနေပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကုန်က အစ္စရေးနိုင်ငံကို ဒုံးကျည်နဲ့ဒရုန်းတိုက်ခိုက်မှုတွေကြောင့် အမေရိကန်က အီရန်နိုင်ငံအပေါ် ကြာသပတေးနေ့က ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ အီရန်နိုင်ငံကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးတဲ့ လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူလိုက်တာပါ။
အီတလီနိုင်ငံ Capri ကျွန်းမှာ ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံရဲ့ G7 စည်းဝေးပွဲကို ဒီနေ့ စတင်ရာမှာ ရုရှားရဲ့ ကျူးကျော်တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်းနိုင်ငံ ခုခံနိုင်အောင် အကူအညီပေးဖို့နဲ့ အီရန်အပေါ် ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့ အီတလီနိုင်ငံခြားရေးဝန်ကြီး Antonio Tajani က တောင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပြီးတော့၊ ဂါဇာဒေသမှာ ရေရှည်ခံတဲ့အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲအပေါ် ဩဇာညောင်းဖို့ ရုရှားက အွန်လိုင်း လှုပ်ရှားမှုတွေကို လွန်ခဲ့တဲ့ ၄၅ ရက်အတွင်းမှာ စအရှိန်ယူ လုပ်လာခဲ့ပြီလို့ မိုက္ကရိုဆော့ဖ် ကုမ္ပဏီက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့ အတိတ် ရွေးကောက်ပွဲတွေလို မဟုတ်ဘဲ၊ ခပ်နှေးနှေးစတယ်လို့ ဆိုပါတယ်။
G7 ခေါ် စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ အီတလီနိုင်ငံ Capri ကျွန်းမှာ သုံးရက်ကြာ အစည်းအဝေး ကို ဗုဒ္ဓဟူးနေ့မှာ စလိုက်ကြပါတယ်။ အစ္စရေးနဲ့ အီရန်ကြား တင်းမာမှု၊ ဂါဇာစစ်ပွဲနဲ့ ယူကရိန်းစစ်ပွဲတွေက အစည်းအဝေးရဲ့ အဓိက အကြောင်းရပ်တွေ ဖြစ်ကြမှာပါ။
ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦတွေကိုလည်း အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောပါတယ်။
အစ္စရေးလ်အပေါ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကြုံစဖူး တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ရေးမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေက အဟန့်အတား မဖြစ်စေဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အစ္စရေးလ်နိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ ပြောဆိုချက်ကို ရည်ညွှန်းကြတာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတို့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးကြား ၁၇ လ နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတောင်ဘက် Batangas ပြည်နယ်မှာ ဒေါ်လာ သန်း ၂၃၀ ကျော်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁.၈ တန် ကို တနင်္လာနေ့က ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်