ဟောင်ကောင်က အထပ်မြင့် အဆောက်အဦတခုမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားရာက လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၃၆ ယောက် ဒဏ်ရာရခဲ့ပြီး၊ ၂၅၀ လောက်ကိုလည်း အရေးပေါ် ကယ်တင်ခဲ့ရတာပါ။
ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ စစ်ပွဲအပေါ် ချဉ်းကပ်ပုံကို လက်မခံကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပြီး စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် စစ်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရာမန်ဒန် ဥပုသ်လရာသီကုန်ဆုံးတဲ့ အထိမ်းအမှတ် Eid al-Fitr ပွဲတော်တွေကို ကမ္ဘာတဝှမ်း ကျင်းပနေပြီး အစ္စလာမ်ဘာသာဝင် အများဆုံးနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံက အာချေးပြည်နယ်မှာလည်း ဝတ်ပြုဆုတောင်းပွဲတွေ ကျင်းပပါတယ်။
ဧပြီ(၃)ရက်နေ့က ထိုင်ဝမ်ကျွန်းမှာ ပြင်းအား(၇.၄)ရှိ ငလျင်လှုပ်ခဲ့ပြီးနောက် ဒီကနေ့အချိန်ထိလည်း နောက်ဆက်တွဲ ငလျင်ငယ်တွေဆက်လှုပ်နေပြီး၊ ထိုင်ဝမ်ပြည်သူတွေ ခုချိန်ထိ စိတ်ခြောက်ခြား ခံစားနေရဆဲပဲလို့ New Taipei မြို့မှာ နေထိုင်သူ မထက်ထက်ဦးက VOA ကိုပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က Zoom ကတဆင့် မေးမြန်းထားပါတယ်။
ဥတုရာသီဖောက်ပြန်တာရဲ့ အကျိုးဆက်တွေကနေ ကိုယ့်နိုင်ငံသားတွေကို ဥရောပသမဂ္ဂနိုင်ငံတွေက ပိုပြီးကာကွယ်ရမယ်လို့ ဥရောပရဲ့ အမြင့်ဆုံး လူ့အခွင့်အရေး တရားရုံးက အင်္ဂါနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဆွစ်ဇာလန်အစိုးရကို နိုင်ငံသား အမျိုးသမီးတွေက တရားစွဲဆိုခဲ့ရာမှာ တရားရုံးက အမျိုးသမီးတွေကို အနိုင်ပေးလိုက်တာပါ။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကိုလက်ခံဖို့ ဟာမတ်စ်အဖွဲ့ကို အမေရိကန်က အင်္ဂါနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ဟာမတ်စ်ဖမ်းဆီးထားတဲ့ ဓားစာခံ ၁၀၀ ကျော်နဲ့ အစ္စရေးဖမ်းထားတဲ့ ပါလက်စတိုင်းအကျဥ်းသား လဲလှယ်ရေး မူကြမ်းကို အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ဟာမတ်စ်အဖွဲ့ကိုပေးခဲ့တယ်လို့ ဝန်ကြီး Blinken က ပြောပါတယ်။
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ထုတ်ပြန်တဲ့ မြန်မာစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ အခြေအမြစ်မရှိ တဖက်သပ်စွပ်စွဲချက်တွေဆိုပြီး မြန်မာစစ်ကောင်စီဘက်က ပယ်ချပါတယ်။
မြန်မာနယ်စပ်အခြေအနေနဲ့ပတ်သက်လို့ ထိုင်းဝန်ကြီးချုပ်ဦးဆောင်တဲ့ ထိုင်းအစိုးရ အရေးပေါ်အစည်းအဝေးကို အင်္ဂါနေ့ကခေါ်ယူခဲ့ပြီးနောက်၊ မြန်မာနိုင်ငံတွင်း အစုအဖွဲ့အားလုံးနဲ့ဆွေးနွေးသွားရမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုပါတယ်။ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာမျိုး မလုပ်ပဲ၊ ကြားနေသွားမယ်လို့ပြောပါတယ်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ဟာကိုရီးယားနှစ်နိုင်ငံနယ်စပ်ကိုသွားရောက်ပြီး မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံလာတဲ့သူတွေနဲ့ တွေ့ဆုံမယ်လို့ပြောပါတယ်။
ဂါဇာဒေသမှာ အစ္စရေးက အပစ်အခတ်ရပ်စဲရေး မကြေညာမချင်း၊ တူရကီနိုင်ငံက အစ္စရေးနိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်မယ်လို့ ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေးကန့်သတ်ချက်မှာ သံ၊ သံမဏိ၊ ဘိလပ်မြေ၊ လေယာဉ် လောင်စာဆီ၊ ဓာတ်မြေသြဇာအပါအဝင် ကုန်ပစ္စည်း အမျိုးအစား ၅၄ မျိုးပါဝင်ပါတယ်။
အရင်ခေတ်က အင်ဒိုနီးရှားမှာ နေတဲ့ တရုတ် မူဆလင်တွေ အပေါ် ခွဲခြားဆက်ဆံမှုတွေကြောင့် ကိုးကွယ်ယုံကြည်မှုတူတဲ့ တခြားသော သူတွေနဲ့ ရောနှောဖို့ ခက်ခဲခဲ့ပါတယ်။ အခုအချိန်မှာတော့ အင်ဒိုနီးရှားနိုင်ငံတွင်းက ပလီ အတော်များများဟာ ဒီကွာဟချက်ကို ပေါင်းကူးပေးနိုင်ဖို့ ရည်ရွယ်လာကြပါတယ်။ မသိင်္ဂီထိုက် ပြောပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်