သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို အစ္စရေး ဒုံးကျည်နဲ့ တန်ပြန်တိုက်ခိုက်


A handout image grab made available by the Iranian state TV, the Islamic Republic of Iran Broadcasting (IRIB), shows what the TV said was a live picture of the city of Isfahan early on April 19, 2024, following reports of explosions heard in the province
A handout image grab made available by the Iranian state TV, the Islamic Republic of Iran Broadcasting (IRIB), shows what the TV said was a live picture of the city of Isfahan early on April 19, 2024, following reports of explosions heard in the province

အီရန်နိုင်ငံ အစ်ဖန်ဟန်ပြည်နယ် (Isfahan)ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံရတယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေမှာဖော်ပြသလို၊ အစ္စရေးဖက်က အီရန်ကို လက်တုန်ပြန်တိုက်ခိုက်မှုတွေလုပ်လိုက်တယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး အမေရိကန်သတင်းတွေမှာလည်း ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ်ကုန်မှာ အီရန်က အဝေးထိန်း ဒရုန်း ၃၀၀ ကျော်၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကို အစ္စရေးက လက်တုန့်ပြန်လိုက်တာ ဖြစ်ပါတယ်။ Isfahan မြို့က လေတပ်စခန်းအနီး ပေါက်ကွဲသံတွေကြားရပြီးတဲ့နောက် သောကြာနေ့မနက်ပိုင်းမှာ အီရန်ဖက်က လေကြောင်းကာကွယ်ရေးဒုံးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင် IRNA သတင်းမှာဖော်ပြပါတယ်။

အစ္စရေးက တိုက်ခိုက်မှုမလုပ်ခင်မှာ အမေရိကန်ကို အသိပေးတယ်လို့ အမေရိကန်အရာရှိက CNN သတင်းဌာနကို အတည်ပြုပါတယ်။ အီရန်နိုင်ငံမှာ လေယာဉ်ပျံသန်းမှုတွေကို ပိတ်ထားလိုက်ကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒေသတွင်း UAE အခြေစိုက်လေကြောင်းတွေဖြစ်တဲ့ Emirates နဲ့ တချို့လေယာဉ်ခရီးစဉ်တွေက မနက် ၄ နာရီခွဲလောက်ကတည်းက အီရန် အနောက်ပိုင်းကောင်းကင်ကို ရှောင်ကွင်းပျံသန်းနေပြီး လေယာဉ်ပျံသန်းခွင့် ပိတ်ထားမထား တိကျတဲ့ အကြောင်းပြချက်တော့မပေးပါဘူး။

အခု တိုက်ခိုက်ခံရတဲ့ အီရန်နိုင်ငံ Isfahan ဒေသဟာ အီရန်ရဲ့ အနုမြူထုတ်လုပ်ရေးကြိုးပမ်းတဲ့ စက်ရုံတွေ တည်ရှိတဲ့ ဒေသဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ အနုမြူစက်ရုံတွေကို တိုက်ခိုက်လာရင်၊ အစ္စရေးရဲ့ အနုမြူပစ်မှတ်တွေကို တန်ပြန်တိုက်ခိုက်မယ်လို့ အီရန်ဖက်က ကြာသပတေးနေ့ကပဲ သတိပေးခဲ့တာပါ။

ဒီတိုက်ခိုက်မှု မတိုင်ခင်နာရီပိုင်းကလည်း အီရန်နိုင်ငံခြားရေးဝန်ကြီးက CNN နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ အီရန်ကိုတိုက်ခိုက်လာရင် ချက်ချင်းနဲ့ အမြင့်ဆုံးတုန့်ပြန်သွားမယ်လို့ ပြောသွားပါတယ်။

Forum

XS
SM
MD
LG