သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဂါဇာမှာအပစ်ရပ်ဖို့ တရုတ်နဲ့ အင်ဒိုနီးရှား ပူးတွဲတောင်းဆို


တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဧပြီ ၁၈၊ ၂၀၂၄)
Yasuyoshi Chiba/Pool via REUTERS
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi (ဧပြီ ၁၈၊ ၂၀၂၄) Yasuyoshi Chiba/Pool via REUTERS

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi တို့ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဒီနေ့ တွေ့ဆုံခဲ့ကြပြီးတော့၊ ဂါဇာဒေသမှာ ရေရှည်ခံတဲ့အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ဆောင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။


အပစ်အခတ်ရပ်စဲရေးရဲ့ အရေးပါမှု နဲ့ ဒီပဋိပက္ခကို ဖြေရှင်းတဲ့နေရာမှာ ၂ နိုင်ငံသီးခြားရပ်တည်ပြီးဖြေရှင်းသွားဖို့ကိစ္စတွေနဲ့ ပတ်သက်ပြီး ၂ နိုင်ငံကြားသဘောထားအမြင်တွေတူတယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က သတင်းထောက်တွေကိုပြောပါတယ်။

“အရှေ့အလယ်ပိုင်းဒေသမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျမတို့ အားလုံး စိုးရိမ်နေကြပါတယ်။ ဒီပဋိပက္ခမှာပါဝင်နေတဲ့သူတွေအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီး စစ်ရေးအရှိန်လျှော့ချဖို့ အရေးကြီးတယ်ဆိုတာကို ကျမတို့ ၂ ဘက်စလုံးက သဘောတူကြပါတယ်။ အင်ဒိုနီးရှားဘက်က အခုထိလုပ်ဆောင်ခဲ့တဲ့ သံတမန်ရေးကျိုးပမ်းမှုတွေကို ကျမရှင်းပြခဲ့ပြီး၊ အခြေအနေတွေ ဒီထက်ပိုဆိုးမလာအောင် ကာကွယ်ဖို့အတွက် တရုတ်နိုင်ငံအနေနဲ့လည်း သူ့ရဲ့ သြဇာအရှိန်အဝါကို အသုံးပြုလာလိမ့်မယ်လို့ ကျမယုံကြည်တယ်လို့” ဝန်ကြီး Marsudi က ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကတော့ ကုလသမဂ္ဂမှာ ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချဖို့ကိစ္စကို တားဆီးပိတ်ပင်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုကို ပြစ်တင်လိုက်ပါတယ်။ ဂါဇာအရေးနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီရဲ့ အဆိုပြုတဲ့ဆုံးဖြတ်ချက်တွေဟာ အပစ်အခတ်ရပ်စဲရေး နဲ့ အစ္စရေးဓါးစားခံတွေ ပြန်လွှတ်ပေးရေးကိစ္စကို တိုက်ရိုက်ချိတ်ဆက်မှုမရှိသလို၊ ဒီစစ်ပွဲကို စတင်ခဲ့တဲ့ ဟာမတ်စ် ရဲ့တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချတာ မလုပ်ထားတဲ့အတွက် အမေရိကန်က လုံခြုံရေးကောင်စီအဆိုပြုတဲ့ဆုံးဖြတ်ချက်တချို့ကို ဗီတိုသုံး ပယ်ချခဲ့ပါတယ်။ အမေရိကန်တာဝန်ရှိသူတွေဘက်က အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစားခံတွေလွှတ်ပေးရေးကိစ္စက ချိတ်ဆက်နေတယ်လို့ ပြောပြီး ရုရှား၊ တရုတ်နဲ့ တခြားလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေကတော့ ကြိုတင်သတ်မှတ်ချက်မရှိဘဲ အပစ်အခတ်ရပ်စဲဖို့ ဆန္ဒရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG