အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုက အစပျိုးရုံတင်မကဘဲ တကယ် အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးဟာ လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
တရုတ် နဲ့ ထိုင်ဝမ်ကြား ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တရုတ် နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၉ ခုနှစ်က ပြည်တွင်းစစ်အတွင်းမှာ ကွဲသွားခဲ့တာဖြစ်ပါတယ်။
မဲအများစု ရေတွက်ပြီးချိန် ကနဦးရလာဒ်တွေအရ အမတ်နေရာ ၃၀၀ ရှိတဲ့လွှတ်တော်မှာ အတိုက်အခံဘက်က ၁၈၄ နေရာ အနိုင်ရရှိထားတယ်လို့ ကိုရီးယားရွေးကောက်ပွဲကော်မရှင်က ဒီနေ့ကြာသပတေးနေ့အစောပိုင်း ထုတ်ပြန်ပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်တဲ့ ကုန်ကားတွေသွားနိုင်ဖို့ ခက်ခဲတဲ့နေရာမှာ နယ်စပ်လမ်းသစ်ဖောက်လိုက်တဲ့အတွက် အရပ်သားတွေဆီကို တိုက်ရိုက်အကူအညီတွေရောက်အောင် ပို့နိုင်မှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါတယ်။
Van Thing Phat အိမ် ခြံ မြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် သူဋ္ဌေးကြီး Lan ဟာ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလျံ လောက်အထိရှိတဲ့ ငွေတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး ဟိုချီမင်းမြို့တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရပိုင်မီဒီယာ Thanh Nien က ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းက တိုက်ခိုက်ရာမှာ သူ့ ရဲ့ သားသုံးယောက်နဲ့ မြေး ၂ ယောက်တို့ သေဆုံးသွားခဲ့ကြောင်း ဟာမတ်စ်ရဲ့ အကြီးဆုံး ခေါင်းဆောင် Ismail Haniyeh က ဗုဒ္ဓဟူးနေ့ က ပြောပါတယ်။
ယူကရိန်းမှာ ရုရှား အသုံးပြုနေတဲ့ ဒရုန်းတွေ ထုတ်လုပ်ရာမှာ ကူညီခဲ့တဲ့ ရုရှားနဲ့တရုတ် ကုမ္ပဏီငါးခုရဲ့ ကူးသန်းရောင်းဝယ်ရေးကို အမေရိကန်က ကန့်သတ်လိုက်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဗုဒ္ဓဟူးနေ့ က လက်ခံတွေ့ဆုံပါတယ်။
ဟောင်ကောင်က အထပ်မြင့် အဆောက်အဦတခုမှာ ဒီကနေ့ မီးလောင်မှု ဖြစ်ပွားရာက လူ ၅ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ မီးလောင်မှုကြောင့် လူပေါင်း ၃၆ ယောက် ဒဏ်ရာရခဲ့ပြီး၊ ၂၅၀ လောက်ကိုလည်း အရေးပေါ် ကယ်တင်ခဲ့ရတာပါ။
ဟာမတ်စ် စစ်သွေးကြွအဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ စစ်ပွဲအပေါ် ချဉ်းကပ်ပုံကို လက်မခံကြောင်း အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပြီး စာနာမှုဆိုင်ရာ အကူအညီတွေ ပို့ပေးနိုင်ရေးအတွက် စစ်ပွဲတွေကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်