လက်ဘနွန်တောင်ပိုင်းက လေကြောင်းတိုက်ခိုက်မှုမှာ အစ္စရေးမြောက်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ တပ်မှူးတဦး သေဆုံးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပဲ ပြောပါတယ်။ သေဆုံးသူဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ Radwan တပ်ဖွဲ့က တပ်မှူး Ali Ahmad Hassin ဖြစ်တယ်လို့ အစ္စေရးစစ်တပ်ကထုတ်ပြန်ထားပါတယ်။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ယူကရိန်းအတွက်စစ်ရေးအကူအညီပေးရေး သဘောမတူဘူးဆိုရင်တော့ ရုရှားကို စစ်ရှုံးလိမ့်မယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စရေး-ဟာမတ်စ်စစ်ပွဲကာလ ၆ လရှိလာချိန် ဂါဇာတောင်ပိုင်းက သူ့တပ်ဖွဲ့တွေပြန်ရုပ်သိမ်းလိုက်တဲ့ အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင်နာသန်ယာဟုက အောင်ပွဲရဖို့နီးလာပြီလို့ တနင်္ဂနွေနေ့မှာပြောပါတယ်။
ရေပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်တွင်း ဖိလစ်ပိုင်၊ အမေရိကန်၊ ဂျပန်နဲ့ သြစတေးလျတို့ ပထမဆုံး ပူးတွဲစစ်ရေး လေ့ကျင့်ခဲ့ကြတဲ့ တနင်္ဂနွေနေ့မှာပဲ တရုတ်စစ်ဖက်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ ကင်းလှည့်ခဲ့ပါတယ်။
ဂါဇာစစ်ပွဲ ၆ လ ရှိလာချိန်မှာပဲ ၂ ဘက် အပစ်အခတ်ရပ်စဲရေး နဲ့ ဓါးစာခံတွေက ပြန်လွှတ်ပေးရေးကိစ္စတွေကို ထပ်ဆွေးနွေးဖို့အတွက် အမေရိကန် ဗဟိုထောက်လှမ်းရေးဌာန (CIA) အကြီးအကဲ Bill Burns အပါအဝင် စေ့စပ်ဆွေးနွေးသူတွေဟာ အီဂျစ်နိုင်ငံကိုင်ရိုမြို့ကို မနေ့က စတင်ရောက်လာခဲ့ကြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavov ဟာ တရုတ်နိုင်ငံကို မနက်ဖြန် တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာ သွားရောက်ပြီးတော့ ယူကရိန်းစစ်ပွဲအရေးကိစ္စနဲ့ ရုရှားနဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးပိုမိုခိုင်မာ အားကောင်းလုပ်ဖို့ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံမှာ လေကြောင်းရန် ကာကွယ်ရေး မစ်ဇိုင်းဒုံးတွေ ပြတ်လတ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်
နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဒီကနေ့ပဲ ကင်းလှည့်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့နဲ့ ဖိလစ်ပိုင်နိုင်ငံက ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ နေ့မှာပဲ တရုတ်နိုင်ငံကလည်း စစ်ရေးလေ့ကျင့်ခဲ့တာပါ။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လွန်ခဲ့တဲ့တနှစ်အတွင်း ခက်ခဲတဲ့ ဆွေးနွေးပြောဆိုမှုတွေရဲ့ ရလဒ်အဖြစ် ပိုမိုတည်ငြိမ်တဲ့ အခြေခံတွေ ရရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဒီကနေ့ပဲ ပြောလိုက်ပါတယ်။
လက်ဘနွန် အရှေ့ပိုင်းမှာရှိတဲ့ Hezbollah ပစ်မှတ်တွေကို တိုက်လေယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောလိုက်ပါတယ်။ အဝေးထိန်း ဒရုန်းတစင်းကို ပစ်ချခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်က အားပေးထောက်ခံနေတဲ့ Hezbollah အဖွဲ့ အခိုင်အမာ အခြေစိုက်ထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာပါ။
အတွင်းရေးမှုးချုပ်ရဲ့ မြန်မာအထူးကိုယ်စားလှယ် အဖြစ် တာဝန်ပေးခံရ တာကို အထူးဂုဏ်ယူကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop က ကြေညာချက် ထုတ်ပါတယ်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက လုံခြုံရေးကောင်စီက ချမှတ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကူညီပေးဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
အစ္စရေး - ဟားမတ်စ် စစ်ပွဲဟာ ဧပြီလ ၇ ရက် စနေနေ့မှာ ၆ လပြည့်ပြီဖြစ်ပါတယ်။ သေကြေပျက်စီးမှုတွေ အပြင် အခုဆို လူတွေကြောင့် ဖြစ်လာတဲ့ အငတ်ဘေးဆိုက်လာပြီဖြစ်တဲ့ အတွက် ဒီစစ်ပွဲကို ချက်ချင်းရပ်ဖို့ လူသားချင်းစာနာကူညီမှု ဆိုင်ရာ လက်ထောက်အတွင်းရေးမှုးချုပ် Martin Griffiths ကပန်ကြားခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်