ဩစတြေးလျနိုင်ငံ၊ Sydney မြို့က နာမည်ကျော် Bondi ပင်လယ်ကမ်းခြေနဲ့ မဝေးတဲ့ Shopping mall ကြီး တခုအတွင်း လူတယောက်က ဓားနဲ့လိုက်လံ တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ၆ ဦး သေဆုံးပြီး ၉ လသား ကလေးငယ်လေး အပါအဝင် ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားမှာ အီရန် တော်လှန်ရေးတန်ပြန်တပ်တွေက စီးနင်းသိမ်းယူထားပါတယ်။ ဆီရီးယားနိုင်ငံထဲက အီရန်ကောင်စစ်ဝန်ရုံးအပေါ် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်တပ်မှူးကြီးတွေ သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်ဘက်က ပြောထားချိန်မှာ သိမ်းယူခဲ့တာပါ။
မြန်မာပြည်ကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေ၊ အထူးသဖြင့် ပဲမျိုးစုံတင်သွင်းသူတွေအနေနဲ့ မြန်မာကျပ်ငွေနဲ့ ရူပီးငွေ တိုက်ရိုက်အသုံးပြုတဲ့စနစ်ကို အဆင်ပြေပြေ အသုံးပြုနိုင်အောင် လျှော့ပေါ့မှုတွေလုပ်ပြီး လွယ်ကူအောင်လုပ်ပေးထားတယ်လို့ အိန္ဒိယအစိုးရက ဒီနေ့ ပြောကြားလိုက်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပြောကြားချက်ကို တရုတ်အစိုးရက ပယ်ချကြောင်းနဲ့ အမေရိကန် ဂျပန်နဲ့ ဖိလစ်ပိုင်တို့ပူးတွဲပြီး ဒေသတွင်း နိုင်ငံရေးကစားမှုကို အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ်ကပြောပါတယ်။
ဂါဇာဒေသအတွက် ထောက်ပံ့ရေးပစ္စည်းတင်ပို့ရာ လမ်းကြောင်းသစ်ကနေ စာနာမှုပစ္စည်းတင် ထရပ်ကားတွေ ပထမဆုံးဝင်လာတဲ့ ဗီဒီယိုကို အစ္စရေးအစိုးရက သောကြာနေ့ ထုတ်ပြန်လိုက်ပါတယ်။ အစ္စရေးအစိုးရရဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ COGAT က ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပစ္စည်းတင်ထရပ်ကားတွေ ဂါဇာဒေသထဲ ဝင်ရောက်သွားတာပါ။
အရှေ့အလယ်ပိုင်း ဒေသမှာ အကြမ်းဖက်မှုတွေ ထပ်တိုးမလာအောင် ကြိုးပမ်းတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ တရုတ်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဖုန်းဆက်သွယ် ပြောဆို ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။
အင်ဒို ပိစိဖိတ်ဒေသမှာ တရုတ်ရဲ့ ရန်လိုတဲ့လုပ်ရပ်တွေအတွက် စိုးရိမ်မှုတွေ ပိုတိုးလာနေချိန်မှာ အမေရိကန်က ဒေသတွင်း စစ်ရေးအရ အရေးပါတဲ့ မဟာမိတ် ၂ နိုင်ငံနဲ့ ပထမဆုံးအကြိမ် ထိပ်သီးအစည်းအဝေး ကျင်းပပြီး အာမခံပြောကြားတာလည်း ဖြစ်ပါတယ်။
စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုက အစပျိုးရုံတင်မကဘဲ တကယ် အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးဟာ လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
တရုတ် နဲ့ ထိုင်ဝမ်ကြား ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တရုတ် နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၉ ခုနှစ်က ပြည်တွင်းစစ်အတွင်းမှာ ကွဲသွားခဲ့တာဖြစ်ပါတယ်။
မဲအများစု ရေတွက်ပြီးချိန် ကနဦးရလာဒ်တွေအရ အမတ်နေရာ ၃၀၀ ရှိတဲ့လွှတ်တော်မှာ အတိုက်အခံဘက်က ၁၈၄ နေရာ အနိုင်ရရှိထားတယ်လို့ ကိုရီးယားရွေးကောက်ပွဲကော်မရှင်က ဒီနေ့ကြာသပတေးနေ့အစောပိုင်း ထုတ်ပြန်ပါတယ်။
ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်တဲ့ ကုန်ကားတွေသွားနိုင်ဖို့ ခက်ခဲတဲ့နေရာမှာ နယ်စပ်လမ်းသစ်ဖောက်လိုက်တဲ့အတွက် အရပ်သားတွေဆီကို တိုက်ရိုက်အကူအညီတွေရောက်အောင် ပို့နိုင်မှာဖြစ်တယ်လို့ အစ္စရေးစစ်တပ်ပြောခွင့်ရက ပြောပါတယ်။
Van Thing Phat အိမ် ခြံ မြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် သူဋ္ဌေးကြီး Lan ဟာ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလျံ လောက်အထိရှိတဲ့ ငွေတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး ဟိုချီမင်းမြို့တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရပိုင်မီဒီယာ Thanh Nien က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်