ဂါဇာမှာရှိတဲ့ အရပ်ဘက်အဆောက်အဦတွေကိုလည်း အစ္စရေးက ကျယ်ကျယ်ပြန့်ပြန့် ဖျက်ဆီးပစ်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk ရဲ့ ပြောရေးဆိုခွင့်ရှိသူ Ravina Shamdasani က ပြောပါတယ်။
အစ္စရေးလ်အပေါ် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မကြုံစဖူး တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ရေးမှာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေက အဟန့်အတား မဖြစ်စေဘူးလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အစ္စရေးလ်နိုင်ငံ မြောက်ပိုင်းကို သွားရောက်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant ရဲ့ ပြောဆိုချက်ကို ရည်ညွှန်းကြတာဖြစ်ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတို့ အင်္ဂါနေ့မှာ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ကြပြီး ဒါဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှစ်ဦးကြား ၁၇ လ နီးပါးအတွင်း ပထမဆုံး ဆွေးနွေးမှု ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာတောင်ဘက် Batangas ပြည်နယ်မှာ ဒေါ်လာ သန်း ၂၃၀ ကျော်တန်ဖိုးရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၁.၈ တန် ကို တနင်္လာနေ့က ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ပါတယ်။
ယူကရိန်းစစ်တပ်မှာ လက်ရှိအသုံးချနေတဲ့ ဒရုန်းယာဥ်တွေဟာ ၂၀၂၃ ခုနှစ်ကထက် ၃ ဆတိုးလာတယ်လို့ ယူကရိန်းထိပ်တန်း တပ်မှူးတဦးကပြောပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေမှာ မောင်းသူမဲ့ယာဥ်တွေကိုလည်း ပိုမိုတိုးမြှင့် အသုံးပြုလာတာဖြစ်ပါတယ်။
အစ္စရေးအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ အီရန်နိုင်ငံကို ပြစ်ဒဏ်ခတ်ဖို့နဲ့ နောက်ထပ်မလုပ်အောင် တားဆီးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အစ္စရေးက တောင်းဆိုလိုက်ပါတယ်။ အီရန်ကတော့ ဒီလဆန်းပိုင်း ဆီးရီးယားနိုင်ငံက သံရုံးကိုတိုက်ခိုက်မှုအတွက် သံသယရှိတဲ့ အစ္စရေးကို လက်တုံ့ပြန်ခဲ့တာလို့ပြောထားတာပါ။
အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က မေလ ၁၅ ရက်နေ့မှာ ရာထူးကအနားယူမှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် Lawrence Wong ကိုရာထူးလွှဲပြောင်းပေးသွားမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။
အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ အဝေးထိန်းဒရုန်းတွေနဲ့ မစ်ဇိုင်းဒုံး ၃၂၀ ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးတို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။
အစ္စရေး-အီရန် ပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ သုံးသပ်ကြပါတယ်။
ဒီပဋိပက္ခမှာ အမေရိကန်၊ ရုရှား၊ တရုတ် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေ ပါဝင်လာရင် ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်သလို စီးပွားရေး အပါအဝင် နောက်ဆက်တွဲ ထိခိုက်မှုတွေ အများကြီး ရှိနေတယ်လို့ အမေရိကန်နိုင်ငံရေး လေ့လောစောင့်ကြည့်နေသူ တဦးက သုံးသပ်ပါတယ်။
ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားအနီးမှာ စနေနေ့က အီရန်အာဏာပိုင်တို့ ဖမ်းဆီးလိုက်တဲ့အေပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်