သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်ဖက်ကုန်တင်သင်္ဘောတစင်း အီရန်ဖမ်းဆီးမှု ကန်ရှုတ်ချ


Mideast Tensions
Mideast Tensions

ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားအနီးမှာ စနေနေ့က အီရန်အာဏာပိုင်တို့ ဖမ်းဆီးလိုက်တဲ့အေပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပြင်းထန်စွာရှုတ်ချလိုက်ပါတယ်။ MSC Aries ကုန်တင်သင်္ဘောနဲ့ သင်္ဘောသားအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့လည်း အီရန်အစိုးရကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်၊ ရုရှားနဲ့ အက်တိုးနီးယားနိုင်ငံက သင်္ဘောသားတွေပါဝင်တဲ့ ဗြိတိန်ပိုင် ပေါ်တူဂီအလံတင် ကုန်တင်သင်္ဘော MSC ဟာ နိုင်ငံတကာရေပြင်နယ်နိမိတ်ထဲမှာဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက VOA ပါရှန်း ဌာနကို ပြောပါတယ်။

စစ်ဖက်မဟုတ်တဲ့ ကုန်တင်သင်္ဘောကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ ရန်လိုတဲ့ သဘောနဲ့မဟုတ်ဘူးဆိုရင်တောင် ဒါဟာနိုင်ငံတကာဥပဒေကို ချိုးဖောက်ရာရောက်ပြီး အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC)ဖက်က ပင်လယ်ဓားပြမှု ကျူးလွန်ရာရောက်တယ်လို့လည်း နိုင်ငံခြားရေးဌာနပြောခွင့်ရက ဆိုပါတယ်။ IRGC တပ်ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတယ်လို့လည်း ပြောခွင့်ရသူ ထည့်သွင်းပြောဆိုသွားတာပါ။ အီရန်ရဲ့ လုပ်ရပ်ကို ပြတ်ပြတ်သားသားရှုတ်ချပြီး သူ့လုပ်ရပ်အတွက် တာဝန်ခံမှုရှိလာအောင် မိတ်ဖက်တွေနဲ့လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။

အီရန်အစိုးရသတင်းဌာန IRNA က အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် IRGC က အစ္စရေးလ်နဲ့ ဆက်စပ်နေတဲ့သင်္ဘောတစင်းကို Hormuz ရေလက်ကြားထဲမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ စနေနေ့က ကြေညာပါတယ်။ နိုင်ငံတကာကုန်တင်သင်္ဘာကုမ္ပဏီ Zodiac Maritime ကစနေနေ့ထုတ်ပြန်ချက်မှာတော့ အီရန်အာဏာပိုင်တို့ စနေနေ့က ဖမ်းဆီးသွားတဲ့ MSC ကုန်တင်သင်္ဘောဟာ စီးပွါးရေးလုပ်ငန်းအတွက် လည်ပတ်နေတဲ့ သင်္ဘောဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

2 Iran US Ship.mp3
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG