သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"အီရန်လေကြောင်းတိုက်ခိုက်မှု ၉၉ ရာခိုင်နှုန်းဟန့်တားနိုင်ခဲ့" အစ္စရေးစစ်တပ်


FILE - A battery of Israel's Iron Dome defense missile system, deployed to intercept rockets, sits in Ashkelon, southern Israel, Aug. 7, 2022.
FILE - A battery of Israel's Iron Dome defense missile system, deployed to intercept rockets, sits in Ashkelon, southern Israel, Aug. 7, 2022.

အီရန်နိုင်ငံက ပစ်လွှတ်လိုက်တဲ့ အဝေးထိန်းဒရုန်းတွေနဲ့ မစ်ဇိုင်းဒုံး ၃၂၀ ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အစ္စရေးတို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ အီရန်ကပစ်လွှတ်လိုက်တဲ့လက်နက် ၉၉ရာခိုင်နှုန်းကို အမေရိကန်နဲ့ အခြားမိတ်ဖက်အဖွဲ့တို့ရဲ့ အကူအညီနဲ့ ကြားဖြတ် ဟန့်တားနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ အီရန်ရဲ့တိုက်ခိုက်မှုက အောင်မြင်မှုမရခဲ့ပါဘူးလို့ အစ္စရေးလ်ကာကွယ်ရေးတပ် ဗိုလ်မှုး Peter Lerner က CNN သတင်းဌာနကိုပြောပါတယ်။

ဧပြီလ ၁ ရက်နေ့က ဆီးရီးယားနိုင်ငံ၊ မြို့တော် ဒမတ်စကတ်မှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ စစ်အခြေစိုက်စခန်းကို အီရန်တို့ကပစ်မှတ်ထားတိုက်ခိုက်တာလို့လည်း Lerner က ပြောပါတယ်။ ကောင်စစ်ဝန်ရုံးတိုက်ခိုက်မှုမှာ အီရန်ဗိုလ်မှုးကြီး ၂ ဦးသေဆုံးခဲ့တာပါ။ အီရန်ဖက်က ပစ်လွှတ်လိုက်တဲ့လက်နက်တွေထဲမှာ ပေါက်ကွဲရေးဒရုန်းယာဥ် ၁၇၀၊ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး ၁၂၀၊ ခရုဇ်ဒုံးကျည် ၃၀ ပါဝင်ပြီး အများစုက အီရန်နိုင်ငံထဲကလာတာလို့လည်း IDF ပြောခွင့်ရ ဗိုလ်မှုး Lerner ကပြောပါတယ်။ တချို့ကတော့ အီရတ်နဲ့ ယီမင်နိုင်ငံအခြေစိုက် အီရန်စစ်သွေးကြွေတွေက ပစ်လွှတ်လိုက်တာလို့လည်းပြောပါတယ်။

အမေရိကန်သမ္မတ အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး John Kirby ကလည်း လက်နက်အများစုကို အီရန်ကနေပစ်လွှတ်လိုက်တာဖြစ်တယ်လို့ CNN ရုပ်သံကိုပြောပါတယ်။ ခုတိုက်ခိုက်မှုအတွက် အစ္စရေးက လက်တုံ့ပြန်ဖို့ ကြိုးပမ်းမယ်ဆိုရင် ဒီထက်မကကြီးမားတဲ့ တုံ့ပြန်မှုနဲ့ရင်ဆိုင်ရမယ်လို့ အီရန်ဘက်က အစ္စရေးနဲ့ အမေရိကန်နိုင်ငံတို့ကို တနင်္ဂနွေနေ့က သတိပေးခဲ့ပါတယ်။ တချိန်ထဲမှာပဲ အစ္စရေးရဲ့ တောင်းဆိုမှုနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တနင်္ဂနွေနေ့မှာ အစည်းအဝေးတရပ်ခေါ်ယူပါတယ်။ အစည်းအဝေးမှာ အစ္စရေးနဲ့ အီရန်တို့ မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းရပါတယ်။

2 Iran US Ship.mp3
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG