သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စင်္ကာပူဝန်ကြီးချုပ် တာဝန်က အနားယူ


စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong (ဝဲ)၊ ဝန်ကြီးချုပ်နေရာဆက်ခံမယ့် ဒုတိယဝန်ကြီးချုပ် Lawrence Wong
စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong (ဝဲ)၊ ဝန်ကြီးချုပ်နေရာဆက်ခံမယ့် ဒုတိယဝန်ကြီးချုပ် Lawrence Wong

အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ စင်္ကာပူ ဝန်ကြီးချုပ် Lee Hsien Loong က မေလ ၁၅ ရက်နေ့မှာ ရာထူးကအနားယူမှာဖြစ်ပြီး ဒုတိယဝန်ကြီးချုပ် Lawrence Wong ကိုရာထူးလွှဲပြောင်းပေးသွားမယ်လို့ တနင်္လာနေ့မှာ ကြေညာပါတယ်။ ဒုတိယဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်တဲ့ Lawrence Wong ကို သူ့နေရာကိုဆက်ခံဖို့ သမ္မတကို တင်ပြသွားမယ်လို့လည်း ဝန်ကြီးချုပ် Lee Hsien Loong ကပြောပါတယ်။

နှစ်ရှည်အာဏာရ ပြည်သူ့လှုပ်ရှားမှုပါတီ PAP လွှတ်တော်ကိုယ်စားလှယ်အများစုထောက်ခံမှုကိုရထားတဲ့ ဒုတိယဝန်ကြီးချုပ် Lawrence Wong က မေလ ၁၅ ရက်နေ့မှာပဲ ကျမ်းသစ္စာကျိန်ဆိုသွားမယ်လို့ ဝန်ကြီးချုပ်ရုံး ကြေညာချက်မှာဖော်ပြပါတယ်။ PAP ပါတီအကြီးအကဲ ဝန်ကြီးချုပ် Lee Hsien Loong က သူ ဒီနှစ်ထဲ ရာထူးက အနားယူမယ်ဆိုတာကို ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကတည်းက ပြောဆိုထားတာပါ။ စင်ကာပူနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် Lee Kuan Yew ရဲ့ သားအကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ် Lee Hsien Loong က အသက် ၅၂ နှစ်အရွယ် ၂၀၀၄ ခုနှစ် သြဂုတ်လတုန်းက ဝန်ကြီးချုပ်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အခုသူ့ရာထူးကိုဆက်ခံမယ့် အသက် ၅၁ နှစ်အရွယ် Lawrence Wong ဟာ အမေရိကန် Wisconsin တက္ကသိုလ်၊ Michigan တက္ကသိုလ်နဲ့ Harvard တက္ကသိုလ် တို့က ဘွဲ့ရဖြစ်ပြီး ၂၀၂၁ ခုနှစ်အထိ စင်္ကာပူ ပညာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းခဲ့ပါတယ်။ အခုလက်ရှိ ဘဏ္ဍာရေးဝန်ကြီးတာဝန်ပါယူထားတဲ့ Wong က ဒုတိယဝန်ကြီးချုပ်နေရာကို ၂၀၂၂ ခုနှစ်မှာ စပြီးတာဝန်ယူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG