သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်တပ် ဒရုန်းယာဉ် တနှစ်အတွင်းသုံးဆတိုး


ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဌာနချုပ်က စစ်သည်တဦး ရေပြင်သုံး အဝေးထိန်းဒရုန်းMagura ကို သတင်းထောက်များအား ထိန်းချုပ်ပြသနေစဥ်။ (ဧပြီ ၁၁၊ ၂-၂၄)
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးဌာနချုပ်က စစ်သည်တဦး ရေပြင်သုံး အဝေးထိန်းဒရုန်းMagura ကို သတင်းထောက်များအား ထိန်းချုပ်ပြသနေစဥ်။ (ဧပြီ ၁၁၊ ၂-၂၄)

ယူကရိန်းစစ်တပ်မှာ လက်ရှိအသုံးချနေတဲ့ ဒရုန်းယာဥ်တွေဟာ ၂၀၂၃ ခုနှစ်ကထက် ၃ ဆတိုးလာတယ်လို့ ယူကရိန်းထိပ်တန်း တပ်မှူးတဦးကပြောပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ရင်ဆိုင်နေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေမှာ မောင်းသူမဲ့ယာဥ်တွေကိုလည်း ပိုမိုတိုးမြှင့် အသုံးပြုလာတာဖြစ်ပါတယ်။

ယူကရိန်းဒရုန်းတပ်ဖွဲ့ဗိုလ်မှူးကြီး ဗာဒိမ်း ဆူခါရိဗ်စကီ (Vadym Sukharevskyi) က ဒီနည်းလမ်းတွေ ဆက်ပြီး တိုးတက်လာမယ်လို့ပြောပါတယ်။ ရုရှားရဲ့ကျူးကျော်တိုက်ခိုက်မှုနဲ့ ၂၆ လနီးပါးကြုံနေရတဲ့ ယူကရိန်းတပ်ဖွဲ့တွေက သူတို့ထက် ပိုမိုအင်အားကြီးမားပြီး ငွေကြေးအင်အားပိုတောင့်တင်းတဲ့ ရုရှားတပ်တွေကို တန်ပြန်တိုက်ခိုက်နိုင်အောင် ပြည်တွင်းထုတ်လက်နက်တွေကို နည်းပညာသစ်တွေနဲ့ အရှိန်မြှင့်ထုတ်လုပ်ဖို့ ကြိုးပမ်းနေကြတာပါ။

ယူကရိန်းနိုင်ငံထုတ် မောင်းသူမဲ့ယာဥ်တွေဖြစ်တဲ့ ကုန်းကြောင်း၊ ရေကြောင်းနဲ့ လေကြောင်းအပြင် အီလက်ထရွန်းနစ် စစ်ဆင်ရေးစနစ်နဲ့ သံချပ်ကာယာဉ်တွေကို ခင်းကျင်းပြသထားတဲ့ စနေနေ့က ပြပွဲတခုမှာ ဗိုလ်မှူးကြီး ဆူခါရိဗ်စကီက ပြောခဲ့တာဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်မှာအသုံးပြုနေတဲ့ ၉၉ ရာခိုင်နှုန်းသော ဒရုန်းယာဥ်တွေက ပြည်တွင်းထုတ်တွေဖြစ်တယ်လို့လည်းပြောပါတယ်။ ယူကရိန်းက လက်နက်အင်အား၊ လူအင်အားလျော့နည်းလာတဲ့အတွက် ရှေ့တန်းစစ်မျက်နှာတွေမှာ ရုရှားတပ်တွေဘက်က အသာစီးရလာနေတာဖြစ်ပါတယ်။

နှစ်ဘက်တပ်ဖွဲ့တွေမှာ ဒရုန်းတွေပိုပြီးအသုံးချလာတဲ့အတွက် ပဋိပက္ခတွေဟာ ရှေ့တန်းစစ်မျက်နှာကနေ စစ်တပ်၊ စွမ်းအင်စက်ရုံတွေနဲ့ သယ်ယူပို့ဆောင်ရေး ယန္တယားတွေကို ပိုပြီးပစ်မှတ်ထားတိုက်ခိုက်လာနေကြတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG