သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဗီယက်နမ် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး ငွေကြေးလိမ်လည်မှုနဲ့ သေဒဏ်ပေးခံရ


 အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် သူဋ္ဌေးကြီး Truong My La ကိုတရားရုံးမှာတွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)
အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် သူဋ္ဌေးကြီး Truong My La ကိုတရားရုံးမှာတွေ့ရစဉ် (ဧပြီ ၁၁၊ ၂၀၂၄)

ဗီယက်နမ်နိုင်ငံက အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင် သူဋ္ဌေးကြီး Truong My Lan ကို နိုင်ငံသမိုင်းမှာ အကြီးမားဆုံးငွေကြေးလိမ်လည်မှု နဲ့ ဗီယက်နမ် တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်ပါတယ်။

Van Thing Phat အိမ် ခြံ မြေ ကုမ္ပဏီရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ အသက် ၆၇ နှစ်အရွယ် သူဋ္ဌေးကြီး Lan ဟာ အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလျံ လောက်အထိရှိတဲ့ ငွေတွေကို လိမ်လည်ခဲ့တယ်ဆိုပြီး ဟိုချီမင်းမြို့တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရပိုင်မီဒီယာ Thanh Nien က ပြောပါတယ်။ အဲဒီ ငွေပမာဏဟာ ၂၀၂၂ ခုနှစ်က ဗီယက်နမ်နိုင်ငံ တိုင်းပြည် စုစုပေါင်းဝင်ငွေ ပမာဏ ၃ % နဲ့ ညီမျှတာဖြစ်ပါတယ်။

သူမဟာ အဲဒီငွေတွေကို အပြင်မှာတကယ်မရှိဘဲ စာရွက်ပေါ်မှာသာ ဟန်ပြရှိတဲ့ ကုမ္ပဏီတွေကနေတဆင့် အစိုးရတာဝန်ရှိသူတွေကို လာဘ်ပေးဖို့အတွက် Saigon ပူးတွဲစီးပွားရေးအစုရှယ်ယာဘဏ်ကို ၂၀၁၂ ကနေ ၂၀၂၂ အထိ တရားမဝင် ချုပ်ကိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံမှာ ၂၀၂၂ ခုနှစ်ကစတင်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လာခဲ့တာမှာ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်ပြီး ဖမ်းခံရတဲ့ လူသိများ ထင်ရှားတဲ့ နာမည်ကြီးထိပ်တန်းပုဂ္ဂိုလ်တွေထဲ Lan လည်း တဦးအပါအဝင် ဖြစ်ပါတယ်။ သူမကို ၂၀၂၂ အောက်တိုဘာလမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

Blazing Furnace လှုပ်ရှားမှုလို့ခေါ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုက ဗီယက်နမ်နိုင်ငံရေးမှာ ထိပ်တန်းက တာဝန်ယူထားတဲ့သူတွေအထိကိုပါ ဂယက်ရိုက်ခတ်မှုရှိခဲ့ပြီး ဗီယက်နမ် သမ္မတ Vo Van Thoung ဟာလည်း အဂတိလိုက်စားမှုတွေနဲ့ ဆက်စပ်ပြီး ပြီးခဲ့တဲ့ မတ်လက ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG