သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးအကူအညီများ လက်တွေ့ချက်ခြင်းပေးဖို့ ယူကရိန်းသမ္မတတောင်းဆို


ရုရှားကျူးကျော်စစ်အတွင်း Kharkiv ဒေသ၊ Lyptsi အရပ်က မစ်ဇိုင်းဒုံးကျရောက်ခဲ့တဲ့ အဆောက်အအုံတခုပေါ်က မီးခိုးလုံးများတက်လာပုံ၊ ဧပြီ ၁၀၊ ၂၀၂၄။
ရုရှားကျူးကျော်စစ်အတွင်း Kharkiv ဒေသ၊ Lyptsi အရပ်က မစ်ဇိုင်းဒုံးကျရောက်ခဲ့တဲ့ အဆောက်အအုံတခုပေါ်က မီးခိုးလုံးများတက်လာပုံ၊ ဧပြီ ၁၀၊ ၂၀၂၄။

စစ်ဒဏ်ခံနေရတဲ့ ယူကရိန်းကို ပံ့ပိုးကူညီမှုက အစပျိုးရုံတင်မကဘဲ တကယ် အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးဟာ လစ်သူယေးနီးယားနိုင်ငံ မြို့တော် Vilnius မှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။

ယူကရိန်းအရေး အဓိက ဆွေးနွေးမယ့် ဥရောပ ပင်လယ် သုံးစင်း ချိတ်ဆက် နိုင်ငံများကြား ထိပ်သီး အစည်းအဝေးပွဲကို ဥရောပခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်နေချိန်မှာ ဇယ်လန်းစကီးက အဲဒီလို ပြောခဲ့တာပါ။ အခုသီတင်းပတ်တွေထဲမှာ ရုရှားက ယူကရိန်းကို ဒုံးကျည်တွေ၊ အဝေးထိန်း ဒရုန်းတွေနဲ့ တိုးမြင့် တိုက်ခိုက်နေချိန်မှာ ယူကရိန်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပိုထောက်ပံ့ဖို့ အနောက်မဟာမိတ်နိုင်ငံတွေကို တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

"အစတုန်းကတော့ အာလုံးက အသံကျယ်ကျယ်နဲ့ စတင်ခဲ့ကြပါတယ်၊ ဒါပေမယ့် တကယ် ပြီးအောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်၊ ကျွန်တော် ပြောနေတာက လေကြောင်းရန် ကာကွယ်ရေး အမြောက် တွေ ကိစ္စ ပြောနေတာပါ" လို့ လစ်သူယေးနီးယားနိုင်ငံ သမ္မတအိမ်တော်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးက စစ်ရေးအကူအညီတွေ အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အမြန်ပံ့ပိုးပေးဖို့ ကြာသပတေးနေ့မှာပဲ သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့်လည်း မဟာမိတ်နိုင်ငံတွေကို ထပ်မံတောင်းဆိုခဲ့ပါသေးတယ်။ ရုရှားဘက်က ဒုံးကျည် ၄၂ စင်းနဲ့ အဝေးထိန်းဒရုန်း အစင်း ၄၀ အပါအဝင် ညပိုင်းလေကြောင်းတိုက်ခိုက်မှုတွေ အကြီးအကျယ် လုပ်ခဲ့အပြီးမှာ ဇယ်လန်းစကီးက အခုလို ထပ်မံတောင်းဆိုလိုက်တာပါ။

"ရုရှားကို ဒုံးကျည်တွေ၊ ရှားဟက်ဒ် ဒရုန်းတွေနဲ့ ဆက်တိုက်ခွင့်ပေးနေရင် ကမ္ဘာတဝန်း အကြမ်းဖက်မှု ကျူးလွန်ဖို့ ခွင့်ပြုပေးသလို" ဟု ဖြစ်နေပြီး ဒါကို မဟာမိတ်နိုင်ငံတွေနဲ့ “မျက်ကွယ်ပြုကာ အချိန်ဆွဲ ဆွေးနွေးနေလို့ မရဘဲ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ တခြားကာကွယ်ရေးအကူအညီတွေ လိုအပ်နေပါတယ်” လို့ ဇယ်လန်းစကီးက ပြောပါတယ်။

ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေနိုင်ငံ မတ်လ ၁ ရက်နေ့မတိုင်မီ ယူကရိန်းကို အမြောက်ကျည်တစ်သန်း ပေးပို့ဖို့ ကတိကဝတ်ကို ပျက်ကွက်ပြီးနောက်မှာ ယူကရိန်း သမ္မတက အခုလို ပြောလာတာလည်း ဖြစ်ပါတယ်။

လစ်သူယေးနီးယားနိုင်ငံ Vilnius မြို့တော်မှာကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲက ဘောလ်တစ်၊ အေဒရီရက်တစ် (Adriatic) နဲ့ ပင်လယ်နက် ပင်လယ်သုံးစင်းကြား ချိတ်ဆက်တည်တည်ရှိတဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံတွေ တွေ့ဆုံစည်းဝေးကြတာပါ။ ပိုလန်၊ ချက်သမ္မတနိုင်ငံနဲ့ ရိုမေးနီးယား နိုင်ငံတွေ အပါအဝင် ဗဟိုဥရောပနိုင်ငံ တဒါဇင်က ခေါင်းဆောင်တွေ တက်ရောက်ကြပြီး ယူကရိန်းစစ်ပွဲဟာ အဓိက ဆွေးနွေးစရာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲ မတိုင်မီ ဇယ်လန်းစကီးဟာ ခေါင်းဆောင်အများအပြားနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး လတ်ဗီးယားနိုင်ငံနဲ့ နောက်ထပ်လုံခြုံရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သလို အိမ်ရှင် လစ်သူယေးနီးယားနိုင်ငံနဲ့လည်း အလားတူ လုံခြုံရေး စာချုပ် ချုပ်ဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG