သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်တပ်တွေ ကုန်သင်္ဘောတစီးကို စီးနင်းသိမ်းယူ


 Hormuz ရေလက်ကြားမှာ အီရန် တော်လှန်ရေးတန်ပြန်တပ်တွေက စီးနင်းသိမ်းယူထား အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘော (AP Photo)
Hormuz ရေလက်ကြားမှာ အီရန် တော်လှန်ရေးတန်ပြန်တပ်တွေက စီးနင်းသိမ်းယူထား အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘော (AP Photo)

အစ္စရေးနဲ့ ဆက်စပ်နေတဲ့ ကုန်တင်သင်္ဘောတစီးကို Hormuz ရေလက်ကြားမှာ အီရန် တော်လှန်ရေးတန်ပြန်တပ်တွေက စီးနင်းသိမ်းယူထားပါတယ်။ ဆီရီးယားနိုင်ငံထဲက အီရန်ကောင်စစ်ဝန်ရုံးအပေါ် အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်တပ်မှူးကြီးတွေ သေဆုံးခဲ့တဲ့အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်ဘက်က ပြောထားချိန်မှာ အခုလို သိမ်းယူခဲ့တာပါ။ Hamas အဖွဲ့ကို အားပေးနေတဲ့ အီရန်အစိုးရရဲ့ ပင်လယ်ဓားမြဆန်တဲ့ လုပ်ရပ်အတွက် EU ဥရောပသမဂ္ဂအနေနဲ့ အီရန်တော်လှန်ရေးတန်ပြန်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz က ဒီကနေ့ ဧပြီလ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

MSC Aries လို့ အမည်ပေးထားတဲ့ ကုန်တင်သင်္ဘာကို Hormuz ရေလက်ကြားနားမှာ အီရန်တပ်တွေ စီးနင်းပြီး အီရန်ရေပိုင်နက်ထဲက ခေါ်ယူလာခဲ့တယ်လို့ အီရန်အစိုးရပိုင် သတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။

ဆီရီးယားနိုင်ငံက အီရန်ကောင်စစ်ဝန်ရုံးအပေါ် တိုက်ခိုက်မှုအတွင်း အီရန်ဗိုလ်ချုပ် ၂ ယောက်နဲ့ တခြား အရာရှိ ၅ ဦး သေဆုံးသွားခဲ့တဲ့ ဖြစ်ရပ်အတွက် အီရန်ဘက်က လက်တုံပြန်နိုင်တဲ့လို့ အမေရိကန် တာဝန်ရှိသူတွေ သတိပေးထားတာပါ။ ဒါကြောင့် ဂျာမနီက Lufthansa လေကြောင်းလိုင်းနဲ့ Netherlands နိုင်ငံက KLM လေကြောင်းလိုင်းတို့က သူတို့လေယာဉ်တွေ အီရန်လေပိုင်နက်ကို ဖြတ်ပျံသန်းခြင်း မပြုတော့ဘူးလို့ ကြေညာခဲ့ကြပါတယ်။

Forum

XS
SM
MD
LG