သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အများစုအနိုင်ရ


တောင်ကိုရီးယား အဓိကအတိုက်အခံပါတီ Democratic ပါတီခေါင်းဆောင် Lee Jae-myung နဲ့ ပါတီထောက်ခံသူများ (ဧပြီ ၉၊ ၂၀၂၄)
တောင်ကိုရီးယား အဓိကအတိုက်အခံပါတီ Democratic ပါတီခေါင်းဆောင် Lee Jae-myung နဲ့ ပါတီထောက်ခံသူများ (ဧပြီ ၉၊ ၂၀၂၄)

တောင်ကိုရီးယားနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ အဓိကအတိုက်အခံ Democratic ပါတီနဲ့သူ့ရဲ့မဟာမိတ်ပါတီတွေ အများစုအနိုင်ရခဲ့ပါတယ်။ မဲအများစု ရေတွက်ပြီးချိန် ကနဦးရလာဒ်တွေအရ အမတ်နေရာ ၃၀၀ ရှိတဲ့လွှတ်တော်မှာ အတိုက်အခံဘက်က ၁၈၄ နေရာ အနိုင်ရရှိထားတယ်လို့ ကိုရီးယားရွေးကောက်ပွဲကော်မရှင်က ဒီနေ့ကြာသပတေးနေ့အစောပိုင်း ထုတ်ပြန်ပါတယ်။

သူတို့အပေါ် ထောက်ခံမှုပြသခဲ့တဲ့အပေါ် ကိုရီးယားပြည်သူတွေကို ကျေးဇူးတင်တယ်လို့ Democratic ပါတီခေါင်းဆောင်က ပြောကြားခဲ့ပါတယ်။ Democratic ပါတီ ရွေးကောက်ပွဲမှာ အနိုင်ရမှုဟာ ပြည်သူတွေရဲ့ အနိုင်ရမှုဖြစ်ပြီး ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပါတီခေါင်းဆောင် Lee Jae-myung ကပြောကြားခဲ့ပါတယ်။ အများပြည်သူ စားဝတ်နေရေး တည်ငြိမ်မှုရှိအောင် ကြိုးစားသွားမယ်လို့လည်း ဒီနေ့ပြောကြားသွားပါတယ်။

အခုလို အတိုက်ခံပါတီဘက်က လွှတ်တော်မှာ အများစုအနိုင်ရခဲ့တာဟာ သမ္မတ Yoon Suk Yeol အတွက် အထိနာစရာဖြစ်သလို ကျန်တဲ့သမ္မတသက်တမ်း ၃ နှစ်ကာလအတွင်း ပြည်တွင်းရေးရာ အစီအစဉ်တွေ အကောင်အထည်ဖော်ရေးမှာ အများကြီး ထိခိုက်နိုင်တယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်နေကြပါတယ်။ ခုလို လွှတ်တော်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် သမ္မတရဲ့ အာဏာရ People Power ပါတီခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် Han Duck-soo ကသူ တာဝန်ကနေ နှုတ်ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။

ပါတီအရေးနိမ့်ခဲ့ရတဲ့အပေါ် သူအပြည့်အဝ တာဝန်ယူတဲ့အနေနဲ့ အရေးပေါ်ကော်မတီဥက္ကဋ္ဌတာဝန်ကနေ နှုတ်ထွက်တယ်လို့ ဒီနေ့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် Han Duck-soo အပါအဝင် အကြီးတန်းသမ္မတအကြံပေးအားလုံး နှုတ်ထွက်စာတင်ခဲ့ကြတယ်လို့ သမ္မတရုံးက ပြောပါတယ်။ လုံခြုံရေးပိုင်း အကြံပေးတွေကလွဲလို့ ကျန်တဲ့ သမ္မတအကြံပေးတွေ နှုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG