သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတနဲ့ ထိုင်ဝမ်သမ္မတဟောင်းတို့ နှစ်နိုင်ငံပေါင်းစည်းရေးကိစ္စ ဘေဂျင်းမှာဆွေးနွေး


 တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံ (ဧပြီ ၁၀၊ ၂၀၂၄)
တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ ဘေဂျင်းမြို့မှာ တွေ့ဆုံ (ဧပြီ ၁၀၊ ၂၀၂၄)

တရုတ် နဲ့ ထိုင်ဝမ်ကြား ၂ နိုင်ငံပြန်လည်ပေါင်းစည်းရေး ကြိုးပမ်းတဲ့အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် နဲ့ ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou တို့ဟာ ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်။ တရုတ် နဲ့ ထိုင်ဝမ်တို့ဟာ ၁၉၄၉ ခုနှစ်က ပြည်တွင်းစစ်အတွင်းမှာ ကွဲသွားခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်သမ္မတဟောင်း Ma Ying-jeou ဟာ ထိုင်ဝမ်သမ္မတရာထူးကနေ အနားယူခဲ့တာ ဆယ်စုနှစ် ၂ ခု နီးပါးလောက်ရှိသွားပြီဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရွေးကောက်ပွဲမှာ အတိုက်အခံ ကူမင်တန်အမျိုးသားရေးပါတီကအနိုင်ရဖို့ ကြိုးပမ်းတဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေး ကာလအတွင်းမျာလည်း သူ့ကိုအများအားဖြင့် ထည့်သွင်းခြင်းမရှိဘဲ ဖယ်ထားတာဖြစ်ပါတယ်။။

တရုတ်နိုင်ငံဟာ အရင်ကလည်း ထိုင်ဝမ်ရဲ့ အတိုက်အခံ ကူမင်တန် အမျိုးသားရေးပါတီကနိုင်ငံရေးသမားတွေကို တရုတ်နိုင်ငံကို အထူးအရေးကြီး ပုဂ္ဂိုလ်အဖြစ်နဲ့ အရေးတယူလုပ်ဖိတ်ကြားပြီးနိုင်ငံတဝန်းကို လှည့်ပြတာတွေလုပ်လေ့ရှိပြီး၊ သမ္မတဟောင်း Ma Ying-jeou ဟာလည်း ဒီထဲက တယောက်အပါအဝင်ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ထိုင်ဝမ်ဟာ သူတို့ရဲ့ အချုပ်အချာအာဏာပိုင်နယ်မြေဖြစ်ပြီး၊ တကယ်လို့ လိုအပ်လာရင် အင်အားသုံး သိမ်းယူသွားမှာဖြစ်တယ်လို့ ပြောဆိုထားပြီး၊ ထိုင်ဝမ်ကျွန်းတဝိုက်ကို နေ့စဉ်လိုလို စစ်သင်္ဘောတွေနဲ့ စစ်လေယာဉ်တွေကို စေလွှတ်နေတာဖြစ်ပါတယ်။

ထိုင်ဝမ်ရေလက်ကြား ၂ ဘက်စလုံးမှာရှိနေတဲ့သူတွေဟာ တရုတ်လူမျိုးတွေဖြစ်ပြီး၊ ဖြေရှင်းလို့မရတဲ့ ပဋိပက္ခဆိုတာ မရှိသလို၊ ဆွေးနွေးလို့မရတဲ့ ပြဿနာဆိုတာလည်း မရှိကြောင်း၊ ကျနော်တို့ကြားမှာ ဘယ်အရာကမှ ပိုင်းခြားထားလို့ မရနိုင်ဘူးလို့ တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်သမ္မတဟောင်းကို ပြောပါတယ်။

ထိုင်ဝမ်သမ္မတဟောင်းကတော့ တရုတ် နဲ့ ထိုင်ဝမ်မှာရှိတဲ့သူတွေအနေနဲ့ ၂ ဘက်ကြားမှာရှိနေတဲ့ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းပြီး၊ ပဋိပက္ခတွေမဖြစ်အောင် ရှောင်နိုင်ဖို့အတွက် အမြော်အမြင်ရှိကြရမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလက သမ္မတရွေးကောက် ပွဲမှာတော့ ဒီမိုကရက်တစ်တိုးတက်ရေးပါတီက Lai Ching-te က အနိုင်ရပြီး သမ္မတအဖြစ်နဲ့ ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG