သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတနဲ့ ဂျပန်ဝန်ကြီးချုပ် အိမ်ဖြူတော်မှာတွေ့ဆုံ


US Japan Biden
US Japan Biden

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် က ဧည့်သည်တော် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီအို ကို အိမ်ဖြူတော် မှာ ဗုဒ္ဓဟူးနေ့ က လက်ခံတွေ့ဆုံပါတယ်။ မစ္စတာ ကီရှီဒါ ကို အမြော်အမြင်ရှိပြီး သတ္တိကြီးမားတဲ့ ခေါင်းဆောင်အဖြစ် သမ္မတ ဘိုင်ဒင် က နှုတ်ခွန်းဆက်စကားမှာ ပြောလိုက်ပါတယ်။ မစ္စတာ ကီရှီဒါ ရဲ့ ခေါင်းဆောင်မှု အောက်မှာ ဂျပန် နိုင်ငံ ရဲ့ ကာကွယ်ရေး မူဝါဒ နဲ့ စွမ်းဆောင်ရည်တွေ ပြောစမှတ်ပြုလောက်အောင် ပြောင်းလဲခဲ့တယ်လို့လည်း မစ္စတာ ဘိုင်ဒင် က ချီးကျူးပါတယ်။

အမေရိကန် နဲ့ ဂျပန်နိုင်ငံတို့ ဟာ ကာကွယ်ရေးကိစ္စတွေ မှာ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်နေပြီး အင်ဒို ပစိဖိတ်ဒေသမှာ ဘယ်တုန်းကနဲ့မှမတူ ပိုအားကောင်းလာခဲ့တယ်လို့လည်း သမ္မတ ဘိုင်ဒင် က ပြောပါတယ်။ ဂျပန်နိုင်ငံကလည်း ကမ္ဘာနဲ့ဒေသတွင်း စိန်ခေါ်ချက်တွေကို ရင်ဆိုင်ဖို့ ကမ္ဘာရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်လာဖို့ အဆင်သင့် ရှိနေပြီ လို့ ဂျပန်ဝန်ကြီးချုပ် ကလည်း ပြောဆိုသွားခဲ့ပါတယ်။

နည်းပညာ နဲ့ ကာကွယ်ရေးနယ်ပယ်၊ အာကာသ လကမ္ဘာဆိုင်ရာနယ်ပယ်၊ ဥာဏ်ရည်တု၊ ကွမ်တမ်၊ တပိုင်းလျှပ်ကူး နဲ့ သန့်ရှင်းစွမ်းအင်နယ်ပယ်တွေ မှာ ပူးပေါင်းဆောင်ရွက်ရေး ကို ကြေညာလိမ်မ့ယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနေ့ ကြာသပတေးနေ့မှာတော့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန်မာကို့စ် ဂျူနီယာ ပါ တက်ရောက်ပြီး သုံးပွင့်ဆိုင် ထိပ်သီး အစည်းအဝေး ကျင်းပမှာပါ။

Forum

XS
SM
MD
LG