သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားဒရုန်းထုတ်လုပ်ရေးမှာပါတဲ့ ကုမ္ပဏီငါးခုကို ကန်အရေးယူ


Russia Ukraine War
Russia Ukraine War

ယူကရိန်းမှာ ရုရှား အသုံးပြုနေတဲ့ ဒရုန်းတွေ ထုတ်လုပ်ရာမှာ ကူညီခဲ့တဲ့ ရုရှားနဲ့တရုတ် ကုမ္ပဏီငါးခုရဲ့ ကူးသန်းရောင်းဝယ်ရေးကို အမေရိကန်က ကန့်သတ်လိုက်ပါတယ်။ အမေရိကန် ကုန်သွယ်ရေးဌာန ရဲ့ ကန့်သတ်စာရင်းမှာ ကုမ္ပဏီ ၁၁ ခု တိုးလိုက်တဲ့အထဲမှာ တရုတ်နဲ့ရုရှား ကုမ္ပဏီတွေလည်း ပါသွားတာပါ။

ဒီကုမ္ပဏီတွေကို အမေရိကန် လုပ်ငန်းတွေက ပစ္စည်းတွေနဲ့ နည်းပညာ ပေးပို့တဲ့အခါ မတင်ပို့မီ လိုင်စင်လျှောက်ထားရမှာ ဖြစ်ပါတယ်။ တရုတ် ကုမ္ပဏီ Jiangxi Xintuo Enterprise Co ဟာ ရုရှား ဒရုန်းတွေ ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်ပေးခဲ့ပြီး၊ Shenzhen Jiasibo Technology Co ဟာ အီရန် ရဲ့ Shahed မောင်းသူမဲ့ လေယာဥ် ထုတ်နိုင်ဖို့ နဲ့ ဒရုန်း အပလီကေးရှင်းတွေမှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ရဲ့ အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံခြားရေး မူဝါဒ ကို ခြိမ်းခြောက်နိုင်တဲ့ ကုမ္ပဏီတွေကို ခုလို စာရင်းသွင်းထားတာဖြစ်ပြီး သူတို့ဆီကို ပစ္စည်းတင်ပို့ဖို့ လိုင်စင်လျှောက်ထားတဲ့အခါ ပယ်ချခံရဖို့ အလားအလာများတယ်လို့ ယူဆကြပါတယ်။

၂၀၅၀ ခုနှစ်မှာ တရုတ်စစ်တပ်ကို ၂၀၅၀ မှာ ကမ္ဘာ့အဆင့်မီ စစ်တပ်ဖြစ်ဖို့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် က ရည်မှန်းထားပြီး၊ ခေတ်မီပစ္စည်းတွေကို ဝယ်ယူတပ်ဆင်ဖို့ ဘီလီယံချီ ဘတ်ဂျက်ကို အသုံးပြုနေတာပါ။ တရုတ်ရဲ့ ကာကွယ်ရေး အသုံးစားရိတ် ဟာ စီးပွားရေး တိုးတက်မှုနှုန်းထက်ပိုပြီး အရှိန်ကောင်းကောင်းနဲ့ မြင့်မားလာခဲ့တာပါ။

Forum

XS
SM
MD
LG