သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟတ်ဇ်ဘူလာ ပစ်မှတ်တွေ အစ္စရေးလေကြောင်းက တိုက်ခိုက်


အစ္စရေးက လက်ဘနွန် အရှေ့ပိုင်းမှာရှိတဲ့ ဟတ်ဇ်ဘူလာ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်
အစ္စရေးက လက်ဘနွန် အရှေ့ပိုင်းမှာရှိတဲ့ ဟတ်ဇ်ဘူလာ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်

လက်ဘနွန် အရှေ့ပိုင်းမှာရှိတဲ့ Hezbollah ပစ်မှတ်တွေကို တိုက်လေယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ အဝေးထိန်း ဒရုန်းတစင်းကို ပစ်ချခဲ့တဲ့အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်က အားပေးထောက်ခံနေတဲ့ Hezbollah အဖွဲ့ အခိုင်အမာ အခြေစိုက်ထားတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တာပါ။

Bekaa မြစ်ဝှမ်းဒေသမှာရှိတဲ့ Sinfri နဲ့ ဆီးရီးယားနယ်စပ် Janta နဲ့ ဒေသတွေမှာ တိုက်ခိုက်ခံခဲ့ရကြောင်း Hezbollah နဲ့ နီးစပ်သူကို ကိုးကားပြီး AFP သတင်းကလည်း အစောပိုင်းမှာ ဖော်ပြခဲ့ပါတယ်။ အစ္စရေးစစ်တပ်ကတော့ Hezbollah အဖွဲ့ရဲ့ ဒေသတွင်းအခြေစိုက် လေကြောင်းရန်ကာကွယ်ရေး ကွန်ရက်မှာ ပါဝင်တဲ့ စစ်ဘက်ဆိုင်ရာနေရာတခုနဲ့ အကြမ်းဖက်သမားတွေရဲ့ အခြေခံအဆောက်အအုံ ၃ ခုတို့ကို တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း Telegram လူမှုကွန်ရက်မှာ ပြောဆိုခဲ့တာပါ။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ အဝေးထိန်း ဒရုန်းတခုကို မြေပြင်က ဝေဟင်ပစ် မစ်ဇိုင်းဒုံးနဲ့ ပစ်ချခဲ့တဲ့အပေါ် လက်တုံ့ပြန်ခဲ့တာလို့လည်း ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် ထိခိုက်သေကျေသူ မရှိဘူးလို့လည်း လက်ဘနွန် အရပ်ဘက်ကာကွယ်ရေးဌာန တာဝန်ရှိသူ တယောက်ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ Hamas စစ်သွေးကြွအုပ်စုက အစ္စရေးနိုင်ငံတောင်ပိုင်းကို ရုတ်တရက် ဝင်တိုက်ခဲ့ရာက ဂါဇာစစ်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်ရက်ဆက်နီးပါး နယ်စပ်ဒေသမှာ အစ္စရေးနဲ့ Hezbollah အပြန်အလှန် တိုက်ခိုက်နေကြတာပါ။

Forum

XS
SM
MD
LG