သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘဏ္ဍာရေးဝန်ကြီး တရုတ်ဝန်ကြီးချုပ်နဲ့ ဘေဂျင်းမှာဆွေးနွေး


အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် တရုတ်ဝန်ကြီးချုပ် Li Qiang တို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် တရုတ်ဝန်ကြီးချုပ် Li Qiang တို့ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံ

အမေရိကန်နဲ့ တရုတ်နိုင်ငံကြား လွန်ခဲ့တဲ့တနှစ်အတွင်း ခက်ခဲတဲ့ ဆွေးနွေးပြောဆိုမှုတွေရဲ့ ရလဒ်အဖြစ် ပိုမိုတည်ငြိမ်တဲ့ အခြေခံတွေ ရရှိခဲ့ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က တရုတ်ဝန်ကြီးချုပ် Li Qiang ကို ဒီကနေ့ပဲ ပြောလိုက်ပါတယ်။

ဘေဂျင်းမြို့တော်က တွေ့ဆုံမှုအစမှာပဲ တရုတ်ဝန်ကြီးချုပ်ကလည်း ကမ္ဘာ့စီးပွားရေး အင်အားကြီး ၂ နိုင်ငံကြား အပြန်အလှန် လေးစားပြီး ရန်ဘက်တွေလို သဘောမထားဖို့ ပြောဆိုခဲ့သလို၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးရဲ့ ခရီးစဉ်ကနေ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ရှိခဲ့ကြောင်း ပြောဆိုခဲ့တာပါ။ ရှုပ်ထွေးနက်နဲတဲ့ ၂ နိုင်ငံ ဆက်ဆံရေးကို တာဝန်သိသိ စီမံခန့်ခွဲဖို့ တာဝန်ရှိကြောင်း ဝန်ကြီး Yellen က ပြောခဲ့သလို၊ တရုတ်ခေါင်းဆောင်ပိုင်းနဲ့ သဘောထား ကွဲပြားမှုတွေကိုလည်း ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေကြောင့် အမေရိကန် လုပ်သားတွေနဲ့ ကုမ္ပဏီတွေ ထိခိုက်နစ်နာမှာကို စိုးရိမ်ကြောင်းလည်း ကြေညာချက် ထုတ်ပြန်ရာမှာ ပြောဆိုခဲ့တာပါ။ လျှပ်စစ်ကားတွေ၊ နေစွမ်းအင်သုံး ဆိုလာပြားတွေနဲ့ တခြားသန့်ရှင်းစွမ်းအင် ထုတ်ကုန်တွေကို တရုတ်နိုင်ငံက အလွန်အကျွံ ထုတ်လုပ်နေတဲ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ၉ လအကြာ နောက်တကြိမ် ခရီးစဉ်မှာ ဆွေးနွေးမယ်လို့လည်း ဝန်ကြီး Yellen က ပြောဆိုခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံအပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟာ ဘေဂျင်းမြို့တော်ဝန် Yin Yong နဲ့လည်း တွေ့ဆုံခဲ့ပြီး၊ ပီကင်းတက္ကသိုလ်က ကျောင်းသားတွေ၊ ပါမောက္ခတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပါတယ်။

Forum

XS
SM
MD
LG