သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်ရဲ့ မဟာမိတ်တွေနဲ့အပြိုင် တောင်တရုတ်ပင်လယ်မှာ တရုတ်စစ်ရေးလေ့ကျင့်


နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဒီကနေ့ပဲ ကင်းလှည့်တိုက်ခိုက်ရေး စစ်ရေးလေ့ကျင့်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။ အမေရိကန်၊ ဂျပန်၊ သြစတြေးလျနိုင်ငံတို့နဲ့ ဖိလစ်ပိုင်နိုင်ငံက ပူးတွဲစစ်ရေးလေ့ကျင့်တဲ့ နေ့မှာပဲ တရုတ်နိုင်ငံကလည်း စစ်ရေးလေ့ကျင့်ခဲ့တာပါ။

ရေနယ်နမိတ် ပိုင်ဆိုင်မှုအတွက် တရုတ်နိုင်ငံနဲ့ အငြင်းပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် ၄ နိုင်ငံက ကာကွယ်ရေးဌာန အကြီးအကဲတွေက တောင်တရုတ်ပင်လယ်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မယ့်အကြောင်း ကြေညာခဲ့ပြီး နောက်တရက်မှာပဲ တရုတ်နိုင်ငံကလည်း ရေတပ်နဲ့ လေတပ်ပူးတွဲပြီး ကင်းလှည့်တိုက်ခိုက်ရေးအတွက် လေ့ကျင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင်မှာ အခြေအနေတွေ ရှုပ်ထွေးစေမယ့် လုပ်ရပ်တွေနဲ့ ပြဿနာတွေ ဖန်တီးနေတာတွေကို ထိန်းသိမ်းထားနိုင်ကြောင်းလည်း တရုတ်စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာပါ။ ဒီကနေ့ စစ်ရေးလေ့ကျင့်မှုနဲ့ ပတ်သက်တဲ အသေးစိတ်ကိုတော့ မပြောပါဘူး။ ဖိလစ်ပိုင်၊ ဂျပန်ခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Joe Biden ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ခဲ့ကြတာပါ။

အမေရိကန်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေကတော့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်အပေါ် လက်နက်အင်အားသုံး တိုက်ခိုက်ခံရမယ့် အန္တရာယ်က ကာကွယ်ပေးသွားဖို့ အခိုင်အမာ သန္နိဓာန်ချမှတ်ထားကြောင်း ပြောဆိုထားကြပါတယ်။

Forum

XS
SM
MD
LG