သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောင်စစ်ရုံး တိုက်ခိုက်ခံရမှု လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ အီရန်တောင်းဆို


အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဆီးရီးယားနိုင်ငံမြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး (ဧပြီ ၂၊ ၂၀၂၄)
အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ ဆီးရီးယားနိုင်ငံမြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး (ဧပြီ ၂၊ ၂၀၂၄)

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားနိုင်ငံမြို့တော်မှာရှိတဲ့ အီရန် ကောင်စစ်ဝန်ရုံး ပျက်ဆီးသွားတဲ့ကိစ္စ ဆွေးနွေးဖို့လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးခေါ်ပေးဖို့ အီရန်က တောင်းဆိုလိုက်ပါတယ်။ ဧပြီလ ၁ ရက်၊ တနင်္လာနေ့က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အကြီးတန်း စစ်ဘက်ဆိုင်ရာ အကြံပေးတဦး အပါအဝင် လူ ၇ ဦး သေဆုံးခဲ့တယ်လို့ အီရန် တော်လှန်ရေးပြည်စောင့်တပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အခုလို ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်အပါအဝင် အနာဂတ်မှာ သံတမန်ရေးဆိုင်ရာ လုပ်ငန်းရပ်တွေကို ထိခိုက်မှု မရှိစေရေး အရေးပေါ်စည်းဝေးပွဲ ခေါ်ယူ ကျင်းပဖို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး Zahra Ershad က လုံခြုံရေးကောင်စီကို တနင်္လာနေ့မှာ စာရေး အကြောင်းကြားခဲ့တာပါ။ အစ္စရေးကတော့ ဒီတိုက်ခိုက်မှုနဲ့ပတ်မှုနဲ့ပတ်သက်လို့ တစုံတရာ ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

ဆီးရီးယားနိုင်ငံအတွင်းအစိုးရထိန်းချုပ်ထားတဲ့ နယ်မြေထဲက ရာနဲ့ချီတဲ့ ပစ်မှတ်တွေကို အစ္စရေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုက်ခိုက်နေခဲ့တာပါ။ ဒါပေမဲ့ အစ္စရေး-ဟာမတ်စ် စစ်ပွဲစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ လလောက်ကစလို့ တိုက်ခိုက်မှုတွေကို အစ္စရေးက အရှိန်မြင့် လုပ်ဆောင်လာနေပြီး လက်ဘနွန်နဲ့ အစ္စရေးနယ်စပ်တလျှောက် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့နဲ့ အစ္စရေး စစ်တပ်ကြား အပြန်အလှန် တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG