သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးမြေပြင်စစ် အမေရိကန်ကန့်ကွက်မှု နှစ်ဖက်တာဝန်ရှိသူတွေဆွေးနွေး


Buildings which were destroyed in previous Israeli bombardments stand in Nuseirat in the central Gaza Strip, on April 1, 2024, amid the ongoing battles Israel and the Hamas militant group.
Buildings which were destroyed in previous Israeli bombardments stand in Nuseirat in the central Gaza Strip, on April 1, 2024, amid the ongoing battles Israel and the Hamas militant group.

ဂါဇာဒေသတောင်ပိုင်းမှာ ဟာမတ်စ်တို့ကို အမြစ်ပြတ်ချေမှုန်းဖို့ အစ္စရေးရဲ့ မြေပြင်စစ်ဆင်ရေးအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အစ္စရေးတာဝန်ရှိသူတွေ တနင်္လာနေ့မှာ အွန်လိုင်းကနေဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ရင် Rafah မှာ ခိုလှုံနေတဲ့ ပါလက်စတိုင်းသား ၁.၃ သန်းတို့ ထိခိုက်မှာကို စိုးရိမ်တဲ့အတွက် မြေပြင်စစ်ဆင်ရေးမလုပ်ဖို့ အမေရိကန်ဖက်က ဆန့်ကျင်နေတာပါ။

"Rafah ကို ဝင်မတိုက်ပဲနဲ့ အောင်ပွဲရမှာမဟုတ်ဘူး၊ အဲဒီက ဟာမတ်စ်တွေကို မခြေမှုန်းပဲနဲ့ အောင်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်ဘူး"လို့ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့မှာပြောပါတယ်။ မြေပြင်စစ်ဆင်ရေးအတွက် ဝန်ကြီးချုပ် နေသန်ယာဟုက အတည်ပြုထားတာပါ။ ဒါပေမယ့်လည်း အမေရိကန်သမ္မတအိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး Jake Sullivan ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က Rafahကို မြေပြင်ထိုးစစ်မဆင်ပဲ ဟာမတ်စ်တို့ကို ခြေမှုန်းနိုင်မယ့်အခြားနည်းလမ်းတွေရှိကြောင်း အစ္စရေးကို နားချဖို့ ကြိုးပမ်းနေပါတယ်။

ဂါဇာမြောက်ပိုင်းက ပဋိပက္ခတွေကနေ လွတ်အောင် Rafah မှာသွားရောက်ခိုလှုံကြဖို့ အစ္စရေးစစ်တပ်က စစ်ပွဲအစောပိုင်းကာလမှာ ညွှန်ကြားခဲ့တာပါ။ ဂါဇာ အီဂျစ်နယ်စပ်အနီး Rafah မှာ စစ်ပွဲတွေထပ်ဖြစ်လာတဲ့အခါ ပါလက်စတိုင်းသားတွေကို ကာကွယ်ပေးမယ်လို့ အစ္စရေးတို့က ပြောဆိုထားပေမယ့် သူတို့ကို ဘယ်ဖက်ပြောင်းရွှေ့ပေးမလဲဆိုတာကိုတော့ မပြောပါဘူး။

ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းရပ်ပေးဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အေမရိကန်က ဗီတိုအာဏာမသုံးခဲ့တာကို ကန့်ကွက်တဲ့အနေနဲ့ ဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ခရီးစဥ်ဖျက်လိုက်ပြီး တစ်ပတ်အကြာမှာပဲ အမေရိကန်-အစ္စရေး အဆင့်မြင့် ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG