ကျန်းမာရေးစောင့်ရှောက်မှု၊ အဟာရ၊ သောက်သုံးရေနဲ့ နေထိုင်ရေးတို့အတွက်အပြင် လူသားချင်းစာနာတဲ့ အကူအညီတွေအပေါ် မှီခိုအားထားနေရတဲ့ အခြေအနေကနေ လွတ်ပြီး ကိုယ့်ကိုယ်ကို အားကိုးနိုင်ရေး အစပြု ဆောင်ရွက်မှုတွေအတွက် ဒီငွေတွေကို အသုံးပြုမှာဖြစ်တယ်လို့ အမေရိကန်အစိုးရက ကြေညာပါတယ်။
NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံပယ်ချလိုက်ပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမှာ ၃ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒုတိယအသုတ် စစ်မှုထမ်းဖို့အတွက် လူငယ်တွေရှိတဲ့ နေအိမ်တွေဆီ ညသန်းခေါင်အချိန် ရောက်လာပြီး ဖမ်းဆီး ခေါ်ဆောင်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့မှာလည်း စစ်မှုထမ်းဖို့အတွက် အမျိုးသားတွေကို အတင်းအဓမ္မ ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
မကြာခင် ကျရောက်တော့မယ့် မိုးရာသီအတွင်း တိုက်ပွဲအရှိန်တွေ လျော့လာနိုင်ခြေရှိနေတာကြောင့် စစ်ကောင်စီအနေနဲ့ လက်လွတ်လိုက်ရတဲ့ စခန်းတွေကို ပြန်တိုက်ယူနိုင်မယ့် အလားအလာ မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေက သုံးသပ် ပြောဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး မြိတ်-ထားဝယ်ခရိုင် တပ်မဟာ(၄) ထိမ်းချုပ်နယ်မြေ ဒေသအခေါ် ကစယ်ဒိုမြို့နယ် (သရက်ချောင်း) ထဲက ပဲဒက် စစ်ကောင်စီတပ်စခန်းကို မေလ ၈ ရက် မနေ့ မနက်က KNLA နဲ့PDF ပူးပေါင်းတပ်တွေ ဝင်ရောက် သိမ်းပိုက်တာမှာ စစ်ကောင်စီတပ်သား ၂၀ကျော် လက်နက်ချ အညံ့ခံခဲသလို တချို့လည်းထွက်ပြေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်၊ Kamjong ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူ ၅,၄၅၇ ဦး ရှိပြီး အဲဒီထဲက ရွှေ့ပြောင်းနေထိုင်သူ ၅,၁၇၃ ဦးရဲ့ ကိုယ်ရေး အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး ဖြစ်ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဗီရမ် ဆင်း (Biren Singh) က ဗုဒ္ဓဟူးနေ့မှာ လူမှုကွန်ရက် X မှာ ပြောပါတယ်။
အမည်ဝှက် ‘N’ လို့ ပေးထားတဲ့ အသက် ၁၂ နှစ် အရွယ်အမျိုးသမီးငယ်က သူ့ကို သင်္ဘောမာလိန်မှူးနဲ့ဝန်ထမ်းတွေက အဓမ္မပြုကျင့် နှိပ်စက်ခဲ့ပြီး သူတို့ဆန္ဒကိုမနာခံရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ရိုဟင်ဂျာတွေကို စစ်သားသစ်စုဆောင်းပြီး စစ်သင်တန်းပေးရာမှာ အစ္စာလာမ်ဘာသာရေးအခြေခံပြီး ဂျီဟတ်ဒ်ဝါဒနဲ့ ဟောပြော စည်းရုံးနေတယ်လို့ စစ်သားအဖြစ် စုဆောင်းခံခဲ့ရာကနေ ထွက်ပြေးလာသူတဦးကို ကိုးကားပြီး အမေရိကန်ငြိမ်းချမ်းရေး အင်စတီကျု (USIP) ရဲ့ လေ့လာချက် စာတမ်းတခုမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြပါတယ်။
အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်တဲ့အချိန် ဒါမှမဟုတ် ဖမ်းဝရမ်းထုတ်ခဲ့မယ်ဆိုရင် တရားရုံးအမိန့်ဖြစ်တဲ့ ဖမ်းဝရမ်းတွေကို ကမ္ဘာတဝှမ်းလုံးကို ပေးပို့ဖို့ ကျနော်တို့အဆိုပြုမှာပါ။" (အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ Tomas Quintina)
“ ဘောလခဲကနေ ဖားဆောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဖက်က ထိခိုက်နစ်နာ ကျဆုံးများတဲ့အတွက် ၅၆ ဦး လက်နက်ချခဲ့တာဖြစ်ပါတယ်။”(တာအယ်စိုး- (KNDF) ဗဟိုပြန်ကြားရေး တာဝန်ရှိသူ)
ထိုင်းနိုင်ငံတောင်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၇ ဦးကို မေလ ၈ ရက်နေ့ နေလည်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ရနောင်းမြို့ကနေ ကော့သောင်းမြို့ကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်