မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုရေးအသင်းတွေကပြောပါတယ်။ သေဆုံးသူတွေထဲက အယောက် ၃၀ ဝန်းကျင်ဟာ နဂိုရှိရင်းစွဲ နာတာရှည်ရောဂါခံစားနေရသူတွေ ဖြစ်ပြီး အများစုမှာ အသက် ၅၀ ကနေ ၉၀ အတွင်းရှိသူတွေလို့ ဆိုပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအပေါ် စွဲချက်တင်တဲ့အမှုကို နိုင်ငံတကာတရားရုံးမှာ မြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ဂမ်ဘီယာ နှစ်နိုင်ငံစလုံး မျှော်လင့်ထားကြောင်း သောကြာနေ့က ထုတ်ဖော်ပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီကိန်းဂဏန်းဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း ခုန်တက်သွားတာလို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းမှာ အပူဒဏ်ကြောင့် ဧပြီလအတွင်း လူပေါင်း ၅၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသခံလူမှုရေးအသင်းတွေကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပဋိပက္ခတွေကြား တနိုင်ငံလုံး အတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ အရပ်သားက ဒီသီတင်းပတ်ထဲမှာ ၃ သန်းကျော်အထိ စံချိန်တင်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေနိုင်ဖို့ အပါအဝင် ရှေ့ခြေလှမ်းတွေနဲ့ အကျပ်အတည်းနဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို အလေးပေး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
အယောင်ပြထုတ်တာပဲဖြစ်နိုင်တာပေါ့ ဘာပဲဖြစ်ဖြစ် သူတို့ထဲမှာပဲ သိမ်းထားဖွက်ထားမှာပဲလေ။ ဘယ်နည်းနဲ့မှ ပြန်လွှတ်မှာမဟုတ်ဘူး သူတို့ကဒါနဲ့ ငွေရှာတဲ့လုပ်ငန်းတွေချည်းပဲ၊ နိုင်ငံတကာက ဖိအားပေးတယ် ကျားဖြန့်အွန်လိုင်း လိမ်လည်ဂိုဏ်းတွေကို ဖမ်းပေးဖို့ အစီစဉ်တွေလုပ်တဲ့အခါမှာပေါ့ ဒီမှာ မြ၀တီမှာ အကုန်လုံး လာပုံနေတာ။
သတင်းနဲ့ စာနယ်ဇင်း လွတ်လပ်မှု - ကမ္ဘာ့သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်နေ့အဖြစ် မေလ ၃ ရက်နေ့ကို သတ်မှတ်ထားချိန်မှာ ဘယ်နိုင်ငံတွေမှာ သတင်းလွတ်လပ်ခွင့် အရှိဆုံးနဲ့ သတင်းလွတ်လပ်ခွင့် အဖိနှိပ်ခံရဆုံးလဲဆိုတာ မညိုညိုလွင်က သတင်းတွေထဲက သုတအစီအစဥ်မှာ တင်ပြထားပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ဟာ ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ NUG ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလတွေအတွင်း အလွတ်သဘော တွေ့ဆုံခဲ့ပါတယ်။
မြန်မာနိုင်ငံက သတင်းသမားတွေ အခက်အခဲ ဖိနှိပ်မှုကြားက သတင်းတွေရယူရတဲ့ အခြေအနေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က နိုင်ငံခြားသတင်းထောက်များအသင်း FCCT မှာ မေလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာနိုင်ငံရဲ့ သတင်းစာနယ်ဇင်းအခြေအနေ ဆွေးနွေးခဲ့တဲ့အကြောင်း မညိုညိုလွင်က ဘန်ကောက်မြို့ကနေ တင်ပြထားပါတယ်။
စစ်ရေးတင်းမာနေတဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဟာ တည်ငြိမ်အေးချမ်းမှု ရှိနေပြီးဖြစ်တာကြောင့် နေရပ်ပြန်နိုင်ပြီးလို့ စစ်ကောင်စီဘက်က တိုက်တွန်းပြောဆိုနေပေမယ့် ဒေသခံတွေ နေရပ် ပြန်မနေရဲကြသေးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံကတော့ သတင်းလွတ်လပ်ခွင့် အညွှန်းကိန်း ၁၇၁ ဖြစ်ပြီး မနှစ်ကထက် ၂ မှတ် တက်လာပေမယ့် သတင်းလွတ်လပ်ခွင့် တိုးတက်မှုတော့ မရှိဘူးလို့လည်း ဖေါ်ပြပါတယ်။ မြန်မာဟာ တရုတ်ပြီးရင် သတင်းသမားတွေကို ထောင်ချတဲ့ ဒုတိယ အများဆုံး နိုင်ငံအဖြစ် CPJ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက သတ်မှတ်ထားတာပါ။
နောက်ထပ်ကြည့်ရှုရန်