သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းစစ်သင်တန်းအသုံးစရိတ် ကန်စစ်တပ် အိတ်စိုက်သုံး


ယူကရိန်းတပ်ဖွဲ့တွေကို အမေရိကန်စစ်တပ်က သင်တန်းပို့ချ
ယူကရိန်းတပ်ဖွဲ့တွေကို အမေရိကန်စစ်တပ်က သင်တန်းပို့ချ

ယူကရိန်းတပ်ဖွဲ့တွေကို သင်တန်းပို့ချပေးနေတဲ့ အမေရိကန်စစ်တပ်ဟာ ကုန်ကျစရိတ်တွေအတွက် အိတ်စိုက်လုပ်နေရတယ်လို့ ဥရောပဆိုင်ရာ အမေရိကန်စစ်တပ် တာဝန်ရှိသူက ပြောပါတယ်။ သူတို့ လုပ်ငန်းလည်ပတ်ရမယ့် အသုံးစရိတ်ထဲက ယူကရိန်းအတွက်ပါ စိုက်ထုတ်သုံးစွဲနေရတာပါ။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် ၂ နှစ်ပြည့်လို့ ၃ နှစ်ထဲ ဝင်လာချိန်မှာ အခုလို အိတ်စိုက်လုပ်နေရတဲ့ အခြေအနေက ဥရောပတိုက်မှာရှိတဲ့ အမေရိကန် စစ်တပ်အတွက် ဘဏ္ဍာငွေကြေး ပြတ်တောက်မှုနဲ့ ရင်ဆိုင်ရကိန်း ရှိတဲ့အကြောင်း ဥရောပနဲ့ အာဖရိကတိုက်ဆိုင်ရာ အမေရိကန်စစ်တပ် ပြောခွင့်ရ ဗိုလ်မှူး Martin O’Donnell က ဗွီအိုအေက ပြောပါတယ်။

ယူကရိန်းစစ်တပ် သင်တန်းပို့ချပေးတဲ့ အစီအစဉ်အတွက် ဒေါ်လာ ၅ ဘီလီယံ ကုန်ကျမှာြဖစ်ပေမဲ့ သူတို့မှာ ဒီအတွက် သုံးစွဲဖို့ ဒေါ်လာ ၃ ဘီလီယံဘဲ ရှိတော့တဲ့အတွက် ၂၀၂၄ ခုနှစ် အစိုးရအသုံးစားရိတ်ကို အမေရိကန်လွှတ်တော်က အတည်ပြုမပေးနိုင်ရင် အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတာကို တာဝန်ရှိသူတွေဘက်က ထုတ်ပြောလာတာ ဖြစ်ပါတယ်။

လက်ရှိ အခြေအနေကနေ ပြောင်းလဲမှု ဖြစ်မလာခဲ့ရင် ယူကရိန်းကို ကူညီထောက်ပံ့ပေးနေတာတွေအပြင် ဥရောပနဲ့ အာဖရိကတိုက်က လုပ်ငန်း လည်ပတ်မှုတွေလည်း အခုလာမယ့် နွေရာသီအစပိုင်းမှာ ရပ်တန့်သွားနိုင်တယ်လို့ ဗိုလ်မှူး O’Donnell က ပြောပါတယ်။ ယူကရိန်းကို နောက်ထပ် ကူညီ ထောက်ပံ့ရေးအတွက် အမေရိကန်လွှတ်တော်မှာ လတွေနဲ့ချီ အခြေအတင် ဆွေးနွေးနေကြပေမဲ့ ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေတာပါ။

ယူကရိန်းအတွက် အကူအညီ ဒေါ်လာ ဘီလီယံ ၆၀ အပါအဝင် အမေရိကန်ရဲ့ နိုင်ငံတကာ အကူအညီ ကူညီပေးရေး အစီအစဥ်အတွက် ဒေါ်လာ ၉၅ ဘီလီယံ အသုံးစရိတ်ကို အမေရိကန် အထက်လွှတ်တော်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မဲခွဲ အတည်ပြုပေးလိုက်ပေးမဲ့ အောက်လွှတ်တော်မှာတော့ ရီပတ်ဘလီကန် အမတ်တွေက အဲဒီအစီအစဉ်ကို မဲခွဲဆုံးဖြတ်ပေးဖို့ ငြင်းဆိုနေပါတယ်။

Forum

XS
SM
MD
LG